Monday, 23 January 2012

ဒီဖုန်းက Sim card မပါဘဲ ဖုန်းခေါ်လို့၇တယ်

ဒီဖုန်းလေး အကြောင်းရေးချင်နေတာကြာပါပြီ။LG 200-E လေးပါ။သူလေးက အနေစုပ်ပေမဲ့ ရွှေထုတ်တဲ့ မြပုဝါ လို့ ပြောရမလိုဘဲ။
သိပ်စွမ်းဆောင်ရေကောင်းပါတယ်။မြန်မာပြည်မှာ ဖုန်းတွေ ၀ယ်သုံးကြတယ်။တချို့ တလေ ငြီးကြတယ်။ငါလည်း သိပ်မပြောဘဲနဲ့ ဖုန်းဘေတွေ သိပ်တက်တယ် ဆိုတာလေ။ဟဲဟဲ
ကျွန်တော် မြန်မာပြည် ပြန်သွားတော့ သိခဲ့တာလေး ဖောက်သည် ပြန်ချတာနော်။ဒီဖုန်းက Sim card မပါဘဲ ဖုန်းခေါ်လို့၇တယ် လို့ပြောရင် ယုံကြပါ့မလား။ဘယ်သူမှ ယုံမှာမဟုတ်ပါဘူး။ကျွန်တော်လည်းမယုံပါဘူး။ဒါပေမဲ့ လက်တွေ့ တွေ့ ခဲ့တာလေ ပြန်ဖောက်သည် ချလိုက်ပါရစေ။
ကျွန်တော့်ရဲ့ မတော်ရသေးတဲ့ ယောက်ခမကြီး လုပ်ပြတာလေးပါ။
ဒီဖုန်းထဲ မှာ ၅ သိန်းတန် sim card  ကိုထည့်ထား လိုက်တယ်။ပြီးတော့ bar code ရိုက်ထည့် လိုက်တယ်။ ဖုန်းက sim card ကို ဖတ်ပြီး ဖုန်းထဲမှာ Store လုပ်ထားတယ်။ပြီးရင် ဖုန်းကို battery power ပေးလိုက်တယ်။ပြီးတော့ sim card ဖြုတ်လိုက်တယ်။ဒါဆို၇င် သာမာန် ဖုန်းအားဖြင့် sim card မရှိတော့၇င် လိုင်းမရှိတော့ဘူးပေါ့။ဟဲဟဲ ဒီဖုန်းက simcard မရှိတော့ပေမဲ့ လိုင်းရှိတယ်။ခုဏ ဖုန်းထဲ store လုပ်ထား တာတွေလေ။ဒါပေမဲ့ အဲဖုန်းက battery ကုန်လို့မ ရဘူးဗျ။battery ကုန်တာနဲ့ မှတ်ထားတာတွေ gone ရောဗျ။ကဲ
ကြိုက်တဲ့ နေရာကိုခေါ်ပေတော့။အ၀င် ရောအ ထွက်ရော သုံးလို့ရတယ်။ဒီနည်းနဲ့ sim card တစ်ခုတည်းကို ဖုန်းတွေ ပွားပြီး simcard ကိုရောင်းစားလိုက် တယ်။ဝယ် လိုက်တဲ့ သူက မောင်ဖြူ ဆိုပါတော့
ကျွန်တော်က simcard ကိုပွားထားတဲ့ သူဆိုပါတော့။လူတစ်ယောက်က မောင်ဖြူ့ ဆီ ဖုန်းခေါ် လိုက်၇င် ကျွန်တော် ပွားထားတဲ့ ဖုန်းမှာလည်း ring လာမြည်တယ်။ကျွန်တော် Ans လုပ်လိုက်တယ်။မောင်ဖြူ မသိပါ။ခေါ်တဲ့ လူနဲ့ မောင်ဖြူပြောနေကြ ရာမှာ ခေါ်တဲ့ သူပြောတာကို ကျွန်တော်ကြားရတယ်။ကျွန်တော်လည်းဝင်ပြောလို့ ရတယ်။ ကျွန်တော်ပြောတာကို တော့ခေါ်တဲ့ သူကြားရပြီး မောင်ဖြူ မကြားရဘူးဗျ။ပြီးတော့ ကျွန်တော် အပြင်ကို ခေါ်သမျှ မောင်ဖြူမသိပါ။ဟဲဟဲ ဖုန်းဘေ ကတော့ မောင်ဖြူဆီသွားတာပေါ့။
တော်တော် တော်တဲ့ သူတွေပါ။ကျွန်တော်တောင် တော်တော် လက်ဖျားခါသွားတယ်။အဲဒါနဲ့ barcode လေး မတော်ရသေးတဲ့ ယောက်ခမ ဆီကပ်တောင်းတာ မပေးဘူးဗျ။နောက်တစ်ခေါက်ပြန်လာမှ ယူတဲ့ဗျ။သူ့ အတွက် iphone ၀ယ်ပေး၇င်ပြောမယ်တဲ့။ ၀ယ်ပေးမလားဗျ သူ့ကိုနော်။ဟဟ
အဲတော့ ဘော်ဒါတို့ ဖုန်းတွေ ဘေတွေသိပ်တက်နေရင် မြန်မာ့ ဆက်သွယ်ရေးဆီ သွားပြီး နာမည် တစ်ခါတည်းတာပြောင်းလိုက်တော့ဗျာ
ပြောင်းခကတော့ ၁၅၀၀၀၀ လောက် ပေးရမယ်တဲ့။ဟူး

အသိဥာဏ် တိုးပွားကြပါစေ

No comments:

Post a Comment

Note: only a member of this blog may post a comment.