သတင်း
၂၀၁၂၊မတ်လ၊ ၁၅ ရက်နေ့တွင် FACEBOOK ကိုပိတ်တော့မည်
Facebook တည်ထောင်သူ Mark Zuckerberg မှနေ၍ Facebook ကို မတ်လ ၂၀၁၂ မှာ ပိတ်ရတော့မှာဖြစ်ကြောင်းနဲ့ Facebook ကို လုပ်နေရတာ သူ့အတွက် အရမ်းစိတ်ဖိစီးမှု များနေပါတယ်လို့ ပြောသွားပါတယ်။
"Facebook က ထိန်းလို့မရတော့ပါဘူး" လို့ Palo Alto ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zuckerberg မှတဆင့်ပြောကြားခဲ့ပါတယ်။ "နောက်ပြီးတော့ Facebook ကို လုပ်နေရတာ ကျွန်တော့်အတွက် စိတ်ဖိစီးမှု အရမ်းများနေတာကြောင့် ကျွန်တော် ဒီဟာကို အဆုံးသတ်ဖို့ လိုအပ်နေပါပြီ။
Zuckerberg ဟာ Facebook ကို ၂၀၁၂ မတ်လ ၁၅ရက်နေ့တွင် အသုံးပြုသူများ အနေနှင့် Facebook အကောင့်များကို ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသုံးပြုသူများအနေနဲ့ ဒီနှစ်မှာ Facebook မရှိဘဲ နေနိုင်အောင် နေပေးကြပါလို့လဲ ပြောသွားပါတယ်။
"မတ်လ ၁၅ ရက်နေ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း မှာ Website ကြီး တစ်ခုလုံး ပိတ်လိုက်ပါတော့မယ်" လို့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ "အဲဒါကြောင့် သင့်ရဲ့ ဓါတ်ပုံတွေကို လိုချင်သေးရင် Facebook ပေါ်က ပြန်ယူထားဖို့လည်း အကြံပေးချင်ပါတယ်။ Facebook ပိတ်လိုက်ရင် ဓါတ်ပုံတွေ ပြန်ရတော့မှာ မဟုတ်ပါဘူး" လို့လည်း ပြောသွားခဲ့ပါသေးတယ်။
Zuckerberg ကတော့ Facebook ကိုပိတ်ဖို့ ဆုံးဖြတ်ရတာဟာ သူ့အတွက် အရမ်းကို ခက်ခဲကြောင်းနဲ့ သူ ပိတ်လိုက်တဲ့အတွက် အသုံးပြုသူတွေကို ၀မ်းမနည်းစေချင်ပါဘူးလို့လဲ မျှော်လင့်ကြောင်း ပြောသွားပါသေးတယ်။
"ကျွန်တော်အနေနဲ့တော့ အဲဒါ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးလို့တော့ ထင်တယ်ခင်ဗျ" ဆိုပြီး သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားပါတယ်။ "ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် အဲဒီလိုလုပ်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Facebook မရှိရင် လူတွေဟာ အပြင်ထွက်ပြီး တကယ့်သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ကြမှာပါ။ အဲဒါကို ကျွန်တော်မျှော်လင့်ပါတယ်။"
Facebook သုံးစွဲသူ တချို့ကတော့ အဲဒီသတင်းကို ကြားပြီး ထိတ်လန့်ခဲ့ပါတယ်။ အင်ဒီယားနား ပြည်နယ်မှ အထက်တန်းကျောင်းသား Denise Bradshaw ဆိုရင် "ကျွန်တော် Facebook သာမရှိရင် ဘာလုပ်နေရမလဲ?" လို့ ငြီးငြူခဲ့ပါသေးတယ်။ "ကျွန်တော့် ဘ၀က Facebook က အဓိကပါ။ ကျွန်တော် Facebook ကို တစ်နေ့ ၁၀ နာရီလောက် သုံးပါတယ်။ အခု Facebook မရှိတော့ဘူးဆိုရင် ကျွန်တော့် အဲဒီအချိန်တွေကို ဘယ်နားသွားသုံးရမလဲဗျာ?"
သို့ပေမယ့် မိဘတွေကတော့ အဲဒီသတင်းတွေကြားပြီး စိတ်သက်သာရာရခဲ့ပါတယ်။ "Facebook ပိတ်သွားတာ တော်တော်ကောင်းပါတယ်" လို့ Detroit မှ မိဘတစ်ဦးဖြစ်သူ Jon Guttari မှ ပြောသွားပါတယ်။ "အဲါးဆို ကျွန်တော့်ကလေးက ကွန်ပျူတာနဲ့ မျက်နာကို နေ့တိုင်း ကပ်မနေတော့ဘူးပေါ့ဗျာ။ ကျွန်တော်နဲ့ စကားပြောဖို့ အချိန်ပိုရနိုင်တာပေါ့" လို့ ၀မ်းမြောက်ဝမ်းသာ ပြောသွားပါတယ်။
FACEBOOK WILL END ON MARCH 15th, 2012!
မြန်မာ့အကြီးဆုံးရွှေကြောသစ်တွေ့ ရှိ နှစ်ရာချီကြာ တူးဖော်ရရှိနိုင်ဟုဆို
by Myanmar Journal on Sunday, December 4, 2011 at 5:22pm
ပြီးခဲ့သည့် လပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့သော မြန်မာနိုင်ငံ၏အကြီးဆုံးရွှေကြောကြီးသည် ကရင်ပြည်နယ်မယ်ဝိုင်ဒေသတစ်ဝိုက်မှ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအထိ ကြီးမားကျယ်ပြန့်စွာ တည်ရှိနေပြီး နှစ်ရာချီထုတ်ယူရရှိနိုင်ကြောင်း ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနအငြိမ်းစားပါမောက္ခနှင့် Advanture Mental International Mining Co., Ltd. ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးစိုးသိန်းက ပြောကြားသည်။
ယင်းရွှေကြောကြီးသည် ကရင်ပြည်နယ် မယ်ဝိုင်ဒေသမှ မွန်ပြည်နယ်ကျိုက်ထီးရိုးဘုရားတောင်ခြေ၊ ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး တောင်ငူအထိရှည်လျားကြောင်း၊ ရွှေကြောများကိုကောင်းကင်ဂြိုလ်တုမှတစ်ဆင့် ဓာတ်ပုံရိုက်ရာ နေရာခြောက်ခုကို ချိတ်ဆက်ရိုက်ယူရသည်အထိ ကြီးမားကြောင်း ၎င်းကပြောကြားသည်။
"မယ်ဝိုင်မှော်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ရွှေတူးတဲ့ သူတွေ တန်ချီရဖူးတယ်" ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ရွှေတန်ချီရရှိကြခြင်းမှာ ရွှေကြောကြီး၏ အောက်ခြေအဆင့်နုန်းမြေများတွင်သာ တူးဖော် (ကျင်ယူ) ရရှိခြင်းကြောင့်ဖြစ်ပြီး ရွှေသာမြောက်မြားစွာပါဝင်သော ကျောက်သားများမှာ မိုင်ချီကျန်နေသေးကြောင်း၊ ယင်းကျောက်သားများမှာ ကျောက်သားတစ်တန်လျှင် ရွှေ ၂၀ ကျပ်သားအထိ ရရှိမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
"မယ်ဝိုင်ရွှေမှော်က တော်တော်ခေါင်ပါတယ်။ ဒီဒေသခံတွေက သွားလုပ်ကြတဲ့သူနည်းပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါပါတယ်" ဟု ဘားအံတစ်ဦးက The Voice Weekly သို့ ပြောပြသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးသော ရွှေကြောများမှာ ရမည်းသင်း၊ စဥ့်ကူး၊ သပိတ်ကျင်းမှ နကထီး-မယ်ဝိုင်ကိုဖြတ်၍ ကျိုက်ထိုဘက်တစ်လျှောက် ရွှေကြော၊ မြန်မာနိုင်ငံအထက်ပိုင်း ကောလင်း၊ ဝန်းသိုဘက်မှ မြောက်ပိုင်းကချင်ပြည်နယ်ဘက်သို့ တက်သွားသွားသော ရွှေကြော၊ ကြေးနှင့် ရွှေရောနှောနေသော အနောက်ရိုးမ ပုသိမ်အနောက်ဘက် ဟင်္သာတမှ မကွေးတိုင်းမြောင်ဒေသအထိ တည်ရှိသည့် ရွှေကြော၊ မြန်မာနိုင်ငံအရှေ့ဘက် ရှမ်းကုန်းပြင်မြင့်ဘက်မှ တာချီလိတ်ဘက်သို့ ဖြတ်ဝင်လာပြီး တရုတ်နိုင်ငံသို့ ဖြတ်ဝင်သွားသော ရွှေကြောများဖြစ်ကြောင်း ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရွှေထွက်ရှိနိုင်သည့် နေရာ ၂၂၇ နေရာရှိပြီး ရှာဖွေထုတ်လုပ်နေကြသော အသေးစားရွှေတူးဖော်ရေးလုပ်ငန်းများကို ၂၀၁၁ ခုနှစ်မှ စတင်ကာ ယခင်က လစဉ်ရွှေနှစ်ကျပ်သား အခွန်ကောက်ခံရာမှ တစ်နှစ်စာ ရွှေ ၂၄ ကျပ်သားစနစ်သို့ ပြောင်းလဲထားကြောင်း သတ္တုတွင်းဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံ၏ ရွှေထွက်ရှိနိုင်သောနေရာများကို နာဆာက လွှတ်တင်ထားသော Landast 7 ဂြိုလ်တုဖြင့် ရိုက်ယူထားခြင်းဖြစ်ပြီး ယင်းကဲ့သို့ မရိုက်ယူခင်က ရွှေကျင်ရွှေကြောမှာ အကြီးဆုံးဟု သတ်မှတ်ထားသော်လည်း လွန်ခဲ့သည့် ငါးလခန့် Landsat 7 ဂြိုလ်တုဖြင့် ကြည့်ရှုရာတွင် မယ်ဝိုင်ရွှေကြောကြီးမှာ မြန်မာနိုင်ငံ၏ အကြီးဆုံးရွှေကြောဖြစ်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းပြောကြားသည်။
 The Voice Weekly Journal မှကူးယူဖေါ်ပြပါသည်။
  သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြု
ကွမ်းခြံကုန်းမြို့နယ်၊ …… ကျေးရွာအရှေ့ဘက် ဓနိတောအတွင်းတွင် ၁၈-၁၁-၂၀၁၁ ရက်က သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုဖို့ ကြံစည်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်မှာ မ…… (၃၆ နှစ်) သည် နံနက် ၃ နာရီခွဲခန့်တွင် တစ်ရွာတည်းနေ အသိမိတ်ဆွေ၏ မင်္ဂလာနေအိမ်၌ ဝိုင်းဝန်းလုပ်ကိုင်ပေးနေစဉ် မင်္ဂလာဆောင်မဏ္ဍပ်ထဲတွင် အိပ်ပျော်နေသော သုံးနှစ်အရွယ် သမီးငယ်မှာ ပျောက်ဆုံးနေသဖြင့် စုံစမ်းရာ တစ်ရွာတည်းနေ …….. (၁၈ နှစ်) က စက်ဘီးဖြင့်ခေါ်ဆောင်သွားကြောင်း သိရသဖြင့် လိုက်လံရှာဖွေရာ နံနက် ၇ နာရီအချိန်ခန့်တွင် အရှေ့ဘက် ဓနိတောအတွင်း အဆိုပါသမီးငယ်ခန္ဓာကိုယ်အောက်ပိုင်း အဝတ်အစားမဲ့လျက် ပါးစပ်မှ သွေးများထွက်ကာ သေဆုံးနေသည်ကို တွေ့ရှိရသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် မိခင်ဖြစ်သူ မ……. က တိုင်တန်းခဲ့သဖြင့် လက်ခုပ်ကုန်းရဲစခန်းက (ပ) ၁၅/၁၁ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြည့်ဖြိုးအောင်အား ဖမ်းဆီးစစ်ဆေးရာ ၎င်းနှင့်အတူ လက်ခုပ်ကုန်းမြို့နယ်ကနေ …… (၂၄ နှစ်) တို့သည် သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားစဉ် အော်ဟစ်နေသဖြင့် ပါးစပ်ပိတ်လည်ပင်းညှစ်ရာမှ လက်လွန်ကာ သေဆုံးသွားကြောင်း ထွက်ဆိုခဲ့သည်။ ယင်းအမှုကို ဥပဒေအရ အရေးယူရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်မြန်မာသတင်းဂျာနယ်
                        သိပ္ပံပညာရှင်များ
       ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း။
    ဗုဒ္ဓပွင့်ပေါ်ခဲ့တာက(BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊
မိုဟာမက်ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓကမိုဟာမက်ထက်လဲနှစ်ပေါင်း (၁၁၉၃)နှစ်
ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ဗုဒ္ဓရဲ.စွယ်တော်(သွား)ရဲ. သက်တမ်းဟာ
နှစ်ပေါင်း(၂၆၃၃)နှစ်ရှိနေပါပြီ။အဲဒီလောက်သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ
သံသယမကင်းဖြစ်နေတဲ့  အနောက်တိုင်းသိပ္ပံပညာရှင်တို.က  အဲဒီသွားကို
Genetic Engineering နည်းနဲ. စမ်းသပ် စစ်ဆေးလိုပါတယ်လို.  အကြိမ်ကြိမ်တောင်း
ဆိုလို.  တရုတ်အစိုးရက  ခွင့်ပြုလိုက်တော့သိပ္ပံပညာရှင်တို.စမ်းသပ်တွေ.ရှိ
ချက်တွေ
ကတော့..........
(၁)  ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း  (၂၆၀၀)ခန်.
ကသွားဆိုတာ   မှန်ကန်ပါတယ်တဲ့
(၂)  လူသားတဦးရဲ့  သွားဆိုတာလဲ  မှန်ကန်ပါတယ်တဲ့
(၃)  ၎င်းသွားထဲမှာပါတဲ့  DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသား
     တဦးရဲ့DNAနဲ.မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်)
ရဲ့ DNA အဖြစ်
     ကောက်ချက်ချပါတယ်တဲ့
               အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်
မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတို.ရဲ.
  သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို.အမိန်.ထု
တ်လိုက်ပါတယ်တဲ့၊
  ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာ
ကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။
  အနောက်အုပ်စု/အမေရိကန် နှင့် တရုတ် တို. ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
 သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက်ကောင်းမွန်နေပါတယ်
  သူငယ်ချင်းတို.ရေ...........
  မှတ်ချက်။   ၁၉.၁.၂၀၁၀နေ.၊ ထားဝယ်ြ
မို.တွင်  ဓမ္မစေတီဆရာတော်ဟောကြားခဲ့သော
  ဒါနကထာ တရားတော်မှ ကောက်နှုတ်ဆင့်ပွားချက်လေးပါ။
 အင်တာနက်မှအသိဖြစ်ခဲ့သူ အမျိုးသားတစ်ဦး
 အင်တာနက်မှအသိဖြစ်ခဲ့သူ အမျိုးသားတစ်ဦးကို ယုံကြည်မိသော မိန်းကလေးငယ်တစ်ဦးသားမယားအဖြစ် လိမ်လည်ပေါင်းသင်းခံရကာ လက်ဝတ်လက်စားများလိမ် လည်ယူဆောင်ခံခဲ့ရကြောင်းသတင်းရရှိသည်။
    မုံရွာမြို့နေ မ-- (၁၉ နှစ်) သည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီက မိဘများအား အင်တာနက်ဆိုင်သို့ သွားရောက်လေ့ကျင့်မည်ဟု ပြောဆိုကာ နေအိမ်ရှိ
၈ယ/---- လော်ဂျာဆိုင်ကယ်နှင့် ထွက်ခွာသွားရာ အချိန်လွန်သည်အထိ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးခဲ့သည်။ မ--၏ ဖခင်ဖြစ်သူက မုံရွာမြို့တွင် လိုက် လံရှာဖွေသော်လည်း မတွေ့ရှိ၍ ရန်ကုန်မြို့ရှိ ဆွေမျိုးများထံ တွေ့ရှိပါက အကြောင်းကြားရန် ဆက်သွယ်မှာကြားခဲ့သည်။
    နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့နေ ဆွေမျိုးတော်စပ်သူများက မ-- အား မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တည်းခိုခန်းတစ်ခု၌ တွေ့ရှိ၍ နေအိမ် သို့ပြန်လည်ခေါ်ယူထားခဲ့သည်။ မ-- ၏ ပြောပြချက်အရ လွန်ခဲ့သောသုံးလခန့်က အင်တာနက်ဆိုင်တွင် ၁၅ ကြိမ်ခန့် ဆက်သွယ်ပြောဆိုသိကျွမ်းခဲ့သူ ရန်ကုန်မြို့နေ ကို -- သည် နိုဝင်ဘာ ၆ ရက်က မုံရွာမြို့သို့ ရောက်ရှိလာ ပြီး မ--အား ရန်ကုန်မြို့သို့ သွေးဆောင်ဖြားယောင်းခေါ်ဆောင်သွားကာ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ တည်းခိုခန်းတစ်ခု၌ သား မယားအဖြစ် ပေါင်းသင်းနေထိုင် ပြီး ပါရှိသည့် ဆွဲကြိုး၊ ဆွဲသီး၊ လက်ကောက်၊ နားကပ်နှင့် ဆိုင်ကယ်တို့ကို လိမ်လည်ရယူသွားခဲ့သဖြင့်ဆိုင်ရာသို့တိုင်တန်းခဲ့ရာ မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ ကို --အား (ပ) အမှတ် ၆၃၇/၂၀၁၁ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၆၆/ ၄၂၀ အရ အမှုဖွင့် စုံစမ်းဖော်ထုတ်လျက်ရှိသည်။
    မိန်းကလေးငယ်ထံမှ လိမ် လည်ရယူသွားသော လက်ဝတ် လက်စားနှင့် ဆိုင်ကယ်မှာ စုစု ပေါင်းတန်ဖိုး ကျပ် ၁၇ သိန်းခန့်ရှိသည်ဟုဆိုသည်။
    “ဒီနေ့ အသက်အရွယ်ငယ် တဲ့ကလေးငယ်တွေလည်း အင် တာနက်သုံးတာ ပိုများလာတယ်။ ငယ်ရွယ်သူတွေအနေနဲ့ အင်တာနက်ကို အသုံးပြုတဲ့အခါ လမ်းမှား မရောက်အောင်တော့ မိဘတွေ စောင့်ကြည့်သင့်တယ်လို့ထင်တယ်။ ကလေးက အင်တာနက်အသုံးပြု တတ်တာ တိုးတက်တဲ့လက္ခဏာ ဆိုပေမယ့် အခုလိုအဖြစ်ဆိုးတွေ မကြုံရအောင် ကလေးငယ်တွေကို အင်တာနက်အသုံးပြုချိန်မှာ စောင့်ကြည့်သင့်တယ်”ဟု မုံရွာမြို့ ဒေသခံ မိဘအုပ်ထိန်းသူတစ်ဦး ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီထုတ်ယူရာတွင် စမတ်ကတ်စနစ် ပြောင်းပြီးနောက်ပိုင်း
 ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီထုတ်ယူရာတွင် စမတ်ကတ်စနစ် ပြောင်းပြီးနောက်ပိုင်း၌ မော်တော်ယာဉ်ပိုင်ရှင်အချို့မှာ အခက်ကြုံကြရကြောင်း စုံစမ်းသိရှိရသည်။  
''အလုပ်တာဝန်အရ ကားကို နေပြည်တော်မှာ အသုံးပြုတာများပြီး ရန်ကုန်ကိုပြန်လာချိန်မှာ ဆီဆိုင်မှာ ဆီထုတ်လို့ မရတော့ဘူး။ ဆီစာအုပ်ကို စမတ်ကတ်ပြောင်းရမယ်လို့ ဆိုပါတယ်။ စမတ်ကတ်ပြောင်းပြီးရင်လည်း ရန်ကုန်မှာပဲ သုံးလို့ရမယ်၊ နယ်မြို့တွေမှာ သုံးလို့မရဘူးဆိုတော့ အပြင်ကနေပဲ ဆီဝယ်ထည့်ရတော့မှာပါ''ဟု ကားမောင်းသူတစ်ဦးက ပြောပြခဲ့သည်။
''တစ်နိုင်ငံလုံးမှာ စံနှုန်းတစ်ခုအနေနဲ့ တစ်ပြေးညီဖြစ်ရင် ပိုကောင်းပါတယ်။ တချို့မြို့တွေမှာ ဆီစာအုပ်၊ တချို့မြို့တွေမှာစမတ်ကတ်ဆိုရင် သိပ်အဆင်မပြေပါဘူး။ ဒါပေမယ့် လွှတ်တော်မှာ ဆွေးနွေးချက်တွေအရ စက်သုံးဆီကို Open Type  ပုံစံနဲ့ ရောင်းဖို့ရှိနေတော့ အဲဒီအခါကျရင် ဆီစာအုပ်တို့၊ စမတ်ကတ်တို့လို တော့မယ်မထင်ဘူး'' ဟု ယာဉ်ပိုင်ရှင်တစ်ဦးက သုံးသပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ဆီစာအုပ်အစားစမတ်ကတ် ဖြင့်ပြောင်းလဲအသုံးပြုခြင်းကို ယခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး စမတ်ကတ်ပြောင်းပြီးသော ကားအရေအတွက်မှာ လက်ရှိတွင် အစီးရေ ငါးသောင်းကျော်ရှိကြောင်း သိရသည်။
''နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး ရန်ကုန်မှာဆီစာအုပ်နဲ့ ရောင်းတာကို ရပ်ဆိုင်းလိုက်ပါပြီ။ စမတ်ကတ်နဲ့ပဲ ဆီထုတ်လို့ရတော့မှာပါ။ စမတ်ကတ်ပြောင်းပြီးတဲ့ ကားအရေအတွက်ကလည်း ၅၁၀၀၀ လောက်ရှိပါပြီ။ စမတ်ကတ် ပြောင်းပြီးတဲ့နောက်ပိုင်းမှာ မသမာမှုတွေ မရှိသလောက်ဖြစ်ပြီး ဒီစနစ်ကအောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း နေ့စဉ်အသုံးပြုနေတဲ့ စမတ်ကတ်သောင်းချီကို ၀န်ဆောင်မှုပေးခဲ့ရလို့ အတွေ့အကြုံသစ်တွေရခဲ့တယ်လို့ ဆိုရပါမယ်'' ဟု အင်ဖိုစစ်မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဂင်းနက်စ် စံချိန်ချိုးနိုင်သည့် ကြက်ဥတွေ့ရှိ
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အရိပ်မထွက်ဘုရား မြောက်ဘက်ရှိ မတ္တရာတိုက်၊ မနောသုခသက်တော်ရှည် ကျောင်းမှ မွေးမြူထားသော ကြက်မှ ဥသည့်ကြက်ဥမှာ တရုတ်နိုင်ငံမှ ဂင်းနက်စ်စံချိန်တင်ထားသော ကြက်ဥ ထက် ပိုမိုသေးငယ်ကြောင်းသိရသည်။
တရုတ်နိုင်ငံ ဟန်ဒန်မြို့ရှိ မွေးမြူရေး ကြက်ခြံမှ ဂင်းနက်စ် စံချိန်တင် ထားသော ကြက်ဥ၏ အရှည်မှာ ၂ ဒသမ ၁ စင်တီ မီတာရှိကြောင်း စက်တင်ဘာလ ၂၃ ရက် နေ့ ၂၀၁၁ ခုနှစ်ထုတ် မြန်မာ့အလင်း နေ့စဉ်သတင်းစာတွင် ဖော်ပြထား ခဲ့သည်။
ယခုတွေ့ရှိသော ကြက်ဥ၏ အရှည်မှာ ၁ ဒသမ ၇ စင်တီမီတာ ရှိပြီး စံချိန်တင်ကြက်ဥထက် ပိုသေးသည်။
"ကျောင်းကို ယတြာချေတဲ့အနေနဲ့ ကြက်တစ်စုံလာလွှတ်သွားတာ။အဲဒီ ကြက်တွေကနေ ပေါက်ပြီးအကောင် တွေများလာတယ်။ ကြက်တွေကများတော့ ဘယ်ကောင်က ဥမှန်းမသိဘူး။ ဥခြင်းတွေကလည်း များတယ်လေ။ ဒီကြက်ဥလေးတွေရတာ နှစ်တော် တော် ကြာပြီ။ အားလုံးပေါင်း ငါးလုံးရ တာ။တစ်လုံးကတော့ ဒကာတစ်ယောက် ကိုစွန့်လိုက်တယ်။ ပထမဦးဆုံး သုံးလုံး ရတယ် အတော် ကြာမှ နောက်ထပ် ကြက်ဥနှစ်လုံးထပ်ရတာ။ အမှတ်တမဲ့ပဲ သိမ်းထားတာ။ သတင်းစာထဲမှာ ဂင်းနက်စ်တင်တဲ့ ကြက်ဥအကြောင်းကို ဖတ်လိုက်ရမှသိမ်းထားတဲ့ ကြက်ဥလေး တွေကို ပေတံနဲ့တိုင်းကြည့်တော့ သူ့ထက်သေးတဲ့ ကြက်ဥလေးတစ်လုံး ပါတယ်ဆိုတာကို သိရတယ်။
"လက်ရှိရှိတဲ့ ကြက်ဥလေးလုံးမှာ အငယ်ဆုံးအလုံးက ၁ ဒသမ ၇ စင်တီ မီတာ၊ ကျန်တဲ့သုံးလုံးကတော့ ၂ ဒသမ ၃ ရယ်၊ ၂ ဒသမ ၄ နဲ့ ၂ ဒသမ ၈ စင်တီ မီတာရှိတယ်။ ဒကာတစ်ဦးကို စွန့်လိုက် တဲ့ ကြက်ဥရဲ့ အတိုင်းအတာကိုတော့ မသိရဘူး"ဟု မနောသုခ သက်တော်ရှည် ကျောင်းမှ လူမှုထူးချွန် တတိယဆုရ ဥူးကေသရက ပြောသည်။
ကြက်ဥလေးများကို လွန်ခဲ့သည့် ခြောက်နှစ်ခန့်မှ ရရှိကာ စတင်ရရှိချိန် တွင် ရေထဲသို့ ချပြီး စမ်းသပ်ကြည့်ရာ နစ်မြှုပ်ပြီး ယခု လက်ရှိအချိန်တွင် ကြက်ဥ လေးများမှာ အက်ကွဲခြင်းမရှိဘဲ ပေါ့သွားကာ ရေမနစ်မြုပ်တော့ပေ။
"ဒီ ကြက်ဥလေးကို ဘုန်းကြီးက စွန့်တာ ငါးနှစ်လောက်တော့ရှိပြီ။ ရပြီးကတည်းက ရွှေချပြီးသိမ်းထားတာ။ ဘာမှ ပြောင်းလဲသွားတာ မရှိဘူး။ ထူးခြားတာ ကတော့ ဒီကြက်ဥလေးရပြီးတော့ အလုပ်အကိုင်ကတော့ အဆင်ပြေလာတယ်"ဟု မဟာမြိုင်ရပ်ကွက်တွင် နေထိုင်သော ကိုမော်မော်က ပြောသည်။
ခွဲစိတ်ပြီး ရင်ချင်းဆက်အမြွှာနှစ်တွဲ ကျန်းမာရေးအခြေအနေကောင်းမွန်
မြန်မာနိုင်ငံ၏ ပဉ္စမနှင့် ဆဋ္ဌမမြောက် ကိုယ်ချင်းဆက် အမြွှာများ ခွဲစိတ်မှုများကို နိုဝင်ဘာလ ၉ ရက်နှင့် ၁၆ ရက်တို့က ရန်ကုန် ကလေး ဆေးရုံကြီး၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကာ ကျန်းမာရေး အခြေ အနေကောင်းမွန်နေပြီး နှစ်လ သုံးလခန့်အကြာတွင် မိဘများထံ ပြန် လည် အပ်နှံနိုင်မည်ဟု သိရသည်။
အဆိုပါအမြွှာများသည် ရင်ချင်းဆက် အမြွှာများဖြစ်ကြပြီး ၎င်းတို့အား ခွဲစိတ်သည့် ခွဲစိတ်ချိန်မှာလည်းများစွာ မကွာ ခြားကြောင်း ခွဲစိတ်မှုနှစ်ခု စလုံးကို တာဝန်ယူဆောင်ရွက်ခဲ့သော ရန်ကုန် ကလေးဆေးရုံကြီး ကလေးခွဲစိတ်မှုပညာ ဌာနမှ ပါမောက္ခ ဒေါက်တာထူးဟန်က ပြောသည်။
"နှစ်တွဲစလုံးကတော့ ရင်ညွန့်ကနေ ချက်အထိ ဆက်တယ်။ ဒုတိယ အတွဲက အသည်းချင်းဆက်တာ ပိုကြီးတယ်။ ရင်ညွန့်ရိုးကလည်း ပိုပြီးဆက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မခွဲစိတ်ခင် သုံးလ လောက် ကစပြီး အဘက်ဘက်ကနေ အစစအရာရာ ပြင်ဆင်ထားတဲ့အတွက် ခွဲစိတ်ရာမှာ အခက်အခဲမရှိခဲ့ပါဘူး" ဟု ၎င်းက ပြောသည်။
"ကလေးတွေရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမွန်ပါတယ်။ သူတို့ရဲ့ အခြေအနေကို နှစ်လသုံးလလောက် စောင့်ကြည့်ပြီးတာနဲ့ မိဘတွေဆီကို ပြန်လည်အပ်နှံသွားမှာပါ"ဟု ၎င်းက ပြောသည်။
ပဉ္စမမြောက် ရင်ချင်းဆက်အမြွှ ညီအစ်မဖြစ်သည့် မအင်ကြင်းခိုင်နှင့် မအင်ကြင်းလှိုင်တို့ကို တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမြို့ နယ် ဂေါအင်းကျေးရွာတွင် အဖ ဦးတင်ဌေးနှင့် အမိဒေါ်ညိုညိုစန်းတို့က ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။
ဆဋ္ဌမမြောက် ရင်ချင်းဆက်အမြွှာ မောင်ရန်ကင်းနှင့် မောင်ရန်ရှင်းတို့ကို ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ငါးကြီးကွေ့ ကျေးရွာ တွင် အဖဦးမြင့်ဌေးနှင့် အမိ ဒေါ်စမ်းစမ်း မော်တို့က ၂၀၀၉ ခုနှစ်၊ မတ်လ ၁၁ ရက် နေ့တွင် မွေးဖွားခဲ့သည်။
ကိုယ်ချင်းဆက်အမြွှာများကို ခွဲစိတ် ရန် အသင့်တော်ဆုံးအချိန်မှာ အသက် တစ်နှစ်ခွဲမှ နှစ်နှစ်ပတ်ဝန်းကျင်ဖြစ်ပြီး ခွဲစိတ်မှုခံယူမည့် ကလေးများသည်လည်း ကျန်းမာ၍ အာဟာရပြည့်ရမည် ဟု ပါမောက္ခ ဒေါက်တာထူးဟန်က ပြောသည်။
၎င်းအမြွှာကလေးငယ်များသည် မွေး ဖွားပြီးမကြာမီကပင် ရန်ကုန် ကလေး ဆေးရုံကြီးသို့ ရောက်ရှိနေပြီး ဆေးရုံမှ ဆရာ၊ ဆရာမများ၏ ပြုစုစောင့်ရှောက် မှုဖြင့် ကြီးပြင်းလာသည်ဟု သိရသည်။
"အခုလို ခွဲစိတ်မှု အောင်အောင်မြင် မြင်နဲ့ ပြီးသွားတယ်ဆိုတော့ အရမ်း ၀မ်း သာပါတယ်။ ခွဲစိတ်ပေးခဲ့တဲ့ဆရာဝန် ကြီးတွေနဲ့ နိုင်ငံတော်ကို အထူး ကျေးဇူး တင်ပါတယ်"ဟု မအင်ကြင်းခိုင်နှင့် မအင်ကြင်းလှိုင်တို့၏ ဖခင် ဦးတင်ဌေးက ပြောသည်။
မောင်ရန်ကင်းနှင့် မောင်ရန်ရှင်းတို့၏ မိခင် မစမ်းစမ်းမော်ကလည်း "ခွဲစိတ်နေ တဲ့ တစ်လျှောက်လုံး အရမ်းကို စိတ်ပူနေ ခဲ့ရပါတယ်။ အခုမှပဲ စိတ်ချမ်းသာသွား တော့တယ်။ အဲဒီအတွက် ဆေးရုံအုပ်ကြီး နဲ့တကွ ဆရာဝန်ကြီးတွေအားလုံးကို ကျေးဇူးတင်ပါတယ်"ဟု ပြောသည်။
အဆိုပါအမြွှာနှစ်တွဲကို ခွဲစိတ်ရာတွင် နိုင်ငံတော်မှ ခွဲစိတ်ခန်းအတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ထောက်ပံ့ ခဲ့ပြီး ဆေးရုံမှ ဆေးဝါး၊ အာဟာရနှင့် အသုံးအဆောင်များ ထောက်ပံ့ခဲ့သည် ဟု သိရသည်။
ခွဲစိတ်မှုနှစ်ခုစလုံးအတွက် စုစုပေါင်း ပျမ်းမျှကုန်ကျငွေ ကျပ်သိန်း ၃၅၀ ခန့် သုံးစွဲခဲ့သည်ဟု ရန်ကုန် ကလေး ဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကြည်ဝင်းက ပြောသည်။
ယခုအချိန်အထိ မြန်မာနိုင်ငံတွင် ကိုယ်ချင်းဆက်အမြွှာ ခွဲစိတ်မှုခြောက် ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ရာ ရန်ကုန်ကလေး ဆေးရုံကြီးတွင် ငါးကြိမ်နှင့် မန္တလေး ကလေးဆေးရုံကြီးတွင် တစ်ကြိမ် ခွဲစိတ် အောင်မြင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရေအိတ်သဲအိတ်တင်မကဆူပါဂလူး၊ဘိလပ်မြေတို့ ဖြင့် 
ပါနောက်ပိုင်းတောင့် တင်းစေမည်...
အမျိုးသမီးတစ်ဦး၏ နောက်ပိုင်းအလှ၊ တင်သားများအားကြီးမားတောင့် တင်းပြီး ပုရိသများသမင်လည်
ပြန်လှည့် ကြည့် စေလောက်သည့် စွဲဆောင်မှုပုံပန်းရှိစေရန် ဘိလပ်မြေမှုန့် ၊ ဆူပါကော်၊ တာယာလေထိုး
ကျွတ်ဖာယာတွင်သုံးသည့် လေလုံသားရေပြားများ ထည့် သွင်းကာ အလှပြုပြင်ပေးသည့် ဆရာဝန်အတု
အယောင် အမျိုးသမီးတစ်ဦးအားဖမ်းဆီးခဲ့ ပါတယ်...
သူမကိုယ်တိုင်(တစ်ကယ်တော့ သူကိုယ်တိုင်ပေါ့ ဗျာ) အရိုက်ခံခဲ့ သည့်ဓါတ်ပုံထဲတွင် ထိုကဲ့ သို့ နောက်ပိုင်း
အလှကြီးမားခန့် ညာစေရန်ခွဲစိတ်ထည့် သွင်းပြုပြင်ထားသည့် အလှဖန်တီးရှင်တစ်ဖြစ်လဲ လိင်ပြောင်းခွဲ
စိတ်ကာ မိန်းမအသွင်ပြောင်းလဲထားသည့် အိုနီးရွန်မောရစ် ဟာ အသက်သေစေနိုင်သည့် အဆိုပါ ဓါတ်
ပစ္စည်းများအား အနည်းဆုံး အမျိုးသမီးတစ်ဦးအား ထည့် သွင်းထိုးနှံပေးခဲ့ တယ်လို့ စွပ်စွဲခံခဲ့ ရပါတယ်...
အသက် ၃၀ အရွယ်ရှိတစ်ကယ့် အမျိုးသမီးတစ်ဦးနှင့် မခြားတူသည့် အလှဖန်တီးရှင်အမျိုးသားဟာ ၂၀၁၀
ခုနှစ်၊ မေလ ကဖြစ်ပွားသည့်အဆိုပါအဖြစ်အပျက်ကြောင့် ယမန်နေ့ က ဖလော်ရီဒါတွင် အဖမ်းခံခဲ့ ရတာ
ဖြစ်ပါတယ်... 
Oneal Ron Morris
Oneal
ဒီလောက်အထိ ပုံပျက်ပန်းပျက်ကြီးထွားနေမှတော့ အဲဒီလို မဟုတ်ကဟုတ်က ဓါတ်ပစ္စည်းတွေထည့် 
ပြီး ပြုပြင်ဖန်တီးထားလို့ ပေါ့ ...
Detained: Transgendered woman Oneal Ron Morris (pictured) is accused of administering the potentially lethal injections to at least one victim
မောရစ်စ် ဟာ အမည်မဖော်နိုင်သေးသည့် အလိမ်အညာခံရသူအားထိုခွဲစိတ်ကုသ အလှပြုပြင်ရန်နှင့် ပါတ်
သက်ပြီး ပထမဦးဆုံးအယင်တွေ့ ဆုံခဲ့ တာဖြစ်ပါတယ်လို့ မီယာမီ ဥယျာဉ်ခြံအရပ် ရဲတပ်ဖွဲ့ မှ တပ်ကြပ်ကြီး
ဝီလီယံဘမ်းဖို့ ကဆိုပါတယ်...
၎င်းတို့ နှစ်ဦးဟာ ထိုအလှပြုပြင်ခွဲစိတ်ခံယူဖို့ အတွက် ဒေါ်လာ ၇၀၀ ဖြင့် ဈေးတည့် သွားကြပါတယ်လို့ 
လည်း ရဲတပ်ကြပ်ကြီးကဆိုပါတယ်...
ခွဲစိတ်ကုသ၊အလှပြုပြင်ခံသူအား ဘိလပ်မြေများ၊ သဘာဝဆီများနှင့်လေထိုးကျွတ်ဖါသည့် တာယာအပိုင်း
အစများပါဝင်သည့် ဓါတ်ပစ္စည်းများအား အကြိမ်ကြိမ် ( ဆေးထိုးအပ်ဖြင့် ) ထိုးနှံပေးခဲ့ ပါတယ်...
ခွဲစိတ်ထားသည့်ဒါဏ်ရာများအားလည်း ဆူပါဂလူး ( အပြင်းစားကော်များ) ဖြင့် ကပ်ကာပြန်ချူပ်ပေးခဲ့ ပါ
တယ်...
ဒါကြောင့် ခွဲစိတ်ပြုပြင်ပြီးနောက်များမကြာမှီပင် သူမဟာ ရောဂါဝေဒနာမျိုးစုံခံစားလာခဲ့ ရပါတော့ တယ်...
" သိပ်မကြာခင်မှာပဲ သူမဟာ အပြင်းအထန်နာကျင်ကိုက်ခဲခြင်းဝေဒနာများကို ၀မ်းဗိုက်ပိုင်းအပါအ၀င် တစ်
ကိုယ်လုံးခံစားခဲ့ ရတာမို့ တစ်စုံတစ်ခုတော့ မှားယွင်းခဲ့ ပြီဆိုတာ သူမသိရှိလာခဲ့ ပါတော့ တယ်..." ဟု ဘမ်
ဖို့ က ပြောကြားခဲ့ ပါတယ်...
အဆိုပါအမျိုးသမီးဟာ တမ်ပါအထွေထွေဆေးရုံကြီးသို့ မလာရောက်မှ ဒေသဆိုင်ရာဆေးရုံနှစ်ခုသို့ သွား
ရောက်ပြသကာ ကုသမှုခံယူခဲ့ ပါသေးတယ်...
Oneal Ron Morris
အဟုတ်တစ်ကယ်ကြီးမှာအမှန်ပါ...ကျူပ်တစ်ကယ်ဖြီးတာမဟုတ်ရပါ...
Detained: Oneal Ron Morris (pictured) was arrested in Florida for the alleged incident in May 2010
သူမ၏ဒါဏ်ရာများတွင်ဆေးမတိုးသည့် ရောဂါပိုးကူးစက်ပျံ့ နှံ့ နေခဲ့ ပြီး အဆုပ်အအေးမိရောဂါလည်းခံစား
နေခဲ့ ရတာဖြစ်ပေမယ့် သူမအနေဖြင့် မည်သို့ မည်ပုံစတင်ဖြစ်ခဲ့ သည်ကိုပြောပြဖို့ ငြင်းဆန်ခဲ့ ပါတယ်...
ဆေးရုံမှ ဆရာဝန်များကတော့ ထိုဖြစ်ရပ်ဟာ တရားဝင်ဆေးကုသခွင့် လိုင်စင်မရှိသူတစ်ဦးရဲ့ လက်ချက်
ဖြစ်လိမ့် မယ်လို့ စိုးရိမ်ပူပန်ခဲ့ ကြတာမို့ ဖလော်ရီဒါကျန်းမာရေးဌာနကို သတင်းပို့ တိုင်ကြားခဲ့ တာဖြစ်ပါ
တယ်...
သို့ သော်လည်း ထိုဖြစ်ရပ်အားစတင်စုံစမ်းချိန်မှာတော့ အလိမ်အညာခံရသူဟာထိုဒေသမှ ထွက်ခွာသွားခဲ့ 
ပြီဖြစ်ပါတယ်...
မောရစ်စ် အားနောက်ဆုံးတွင် မြောက်လိုဒါဒေးအရပ်တွင် ၂၀၁၁ ခု၊မတ်လမှာ ဖမ်းဆီးခဲ့ မိတာဖြစ်ပါတယ်..
၎င်းအား လိုင်စင်မရှိပဲ၊တရားမ၀င်ဆေးကုခြင်း၊ထိခိုက်အနာတရဖြစ်စေခြင်းများဖြင့် တရားစွဲဆိုခဲ့ ပါတယ်...
ယခုဖြစ်ပွားခဲ့ သည့် ဖြစ်ရပ်မှာ အမျိုးသမီးများအနေဖြင့် ၎င်းတို့ ၏နောက်ပိုင်းအလှ ဖွံ့ ထွား၊တင့် ကားစေ
ရန် တရားမ၀င်၊ ဆရာဝန်အတုများဖြင့် တိတ်တိတ်ပုန်း ခွဲစိတ်ကုသ၊ ပြုပြင်ကြရာမှ မရှူနိုင်မကယ်နိုင်ဖြစ်
ကြရခြင်းများ၏ နောက်ဆုံးဖြစ်ရပ်သာဓကတစ်ရပ်ပင်ဖြစ်ပါတယ်...
Dangerous: The cocktail injected into the woman's buttocks included cement
အောက်ခြေခိုင်မာတောင့် တင်းအောင် ဘိလပ်မြေသုံးရပါတယ်...
Dangerous: The cocktail injected into the woman's buttocks included cement
ဒီယာ အဒီရိုတီမီ တစ်ယောက် ဖီလာဒဲဖီးယား ဟိုတယ်အခန်းတစ်ခုအတွင်း ယခုကဲ့ သို့ ဖွံ့ ထွား၊စွင့် ကားစေ
ရန် အလှပြုပြင်မှုအတွက် ဆေးထိုးခံခဲ့ ရမှ သေဆုံးခဲ့ ရပါတယ်...
ဇန်န၀ါရီလ တုံးကလည်း နယူယောက်မြို့ မှ တရားဝင်လိုင်စင်မရှိပဲ ခွဲစိတ်ပြုပြင်သူ ၀ှါလက်စ်ကာ ကက်စ်တီ
လို အား သူမနေအိမ်တွင် အမျိုးသမီးများအား ရင်သားနှင့် တင်သားများ ကြီးမားစေရန်အတွက် ရေအိတ်၊
သဲအိတ် စီလီကွန်ဖျော်ရည်များဖြင့် ဆေးထိုးပေးခဲ့ မှုဖြင့် ဖမ်းဆီးခဲ့ ပါတယ်...
၂၀၁၀ ခုနှစ် ကလည်း အန်နာဂျို့ စ်ဖာဆီဗီလာ အမည်ရှိ မီယာမီ မှအမျိုးသမီးတစ်ဦးအားလည်း အလားတူ
ပြလုပ်ပေးခဲ့ သဖြင့် သူမထံလာရောက် ကုသူပြုပြင်ခံယူသူတစ်ဦးဟာ ရောဂါဝေဒနာမျိုးစုံဖြင့် အရေးပေါ်
အထူးကြပ်မတ်ကုသဆောင်သို့ ရောက်ရှိခဲ့ ရသ ဖြင့် ဖမ်းဆီးကာတရားစွဲဆိုခံခဲ့ ရပါတယ်...
 နာမည်ကျော်အဆိုတော်သရုပ်ဆောင် ဂျင်နီဖာလိုပက်စ်၊ အဆိုတော် ဘီယွန်စေ၊ အဆိုတော် နစ်ကီမီနာ့ဂ်ျ
တို့ ကဲ့ သို့ အမျိုးသမီးများ နောက်ပိုင်းအလှ ၀င့် ကြွား၊ တင့် ကား စေရန်ခွဲစိတ်ပြုပြင် ဟာအမေရိကန်နိုင်ငံ
တွင် ခေတ်စားလာနေပါတယ်...
ဟစ်ဟော့ ချစ်သူ ယဉ်ကျေးမှုပေါ်ပေါက်လာခဲ့ ပြီးနောက် အမျိုးသမီးများ၏ နောက်ပိုင်းအလှ ကြွားကြွား
ရွားရွားရှိမှုဟာ အမျိုးသမီးငယ်များအကြားတွင် ဖက်ရှင်တစ်ခုအဖြစ် လူကြိုက်များလာခဲ့ တာလည်းဖြစ်ပါ
တယ်....
သို့ သော်လည်း တရားမ၀င်၊ လိုင်စင်မရှိသည့် နေရာများ၊ လူများထံတွင် ခွဲစိတ်ပြုပြင်၊ ကုသခံခြင်းဟာ ကံ
စမ်းသလို အလွန်အန္တရယ်ကြီးလှပါတယ်လို့ ကျွမ်းကျင်သူပညာရှင်များကဆိုပါတယ်...
Image conscious: Friends said Miss Aderotimi was desperate to obtain the perfect curvy figure and had been rejected from one Hip Hop video for wearing padded trousers
Image conscious: Friends said Miss Aderotimi was desperate to obtain the perfect curvy figure and had been rejected from one Hip Hop video for wearing padded trousers
အရှိအရှိအတိုင်းမကျေနပ်နိုင်ပဲ လှချင်ပချင်ကြွားချင်ဝါချင်လို့ အလှပြုပြင်ကာမှ ကြွေလွင့် ရတတ်တယ်...
လည်ချောင်းထဲရောက်နေတဲ့ မျှော့ ...
မယုံကြည်နိုင်စရာပင် မည်သို့ မျှထင်မှတ်ဖွယ်မရှိစွာ အသက် ၁၆ နှစ်အရွယ်ရှိ ကောင်လေးတစ်ယောက်၏
လည်ချောင်း၊ လေပြွန်အတွင်းမှ ၄ လက်မ အရှည်ရှိ မျှော့ တစ်ကောင်အား တွေ့ ရှိခဲ့ ကြရပါတယ်...
လွန်ခဲ့ သည့် နှစ်လခန့် မှစပြီး တောင်ကျားယွမ် တစ်ယောက်နေထိုင်မကောင်းဖြစ်ကာ သူ့ ရဲ့ အသံမှာလည်း
အက်ကွဲရှတသည့် အသံဖြစ်လာခဲ့ ပါတယ်...
သူ၏မိခင်ဖြစ်သူက သူ့ အားအအေးမိသည်ဟုထင်ကာဆးတိုက်ခဲ့ သော်လည်း သက်သာပျောက်ကင်းခြင်း
မရှိခဲ့ ပေ...
သို့ နှင့် ထိုကောင်လေးမှာ ပိန်ချူံးချိနဲ့ လာခဲ့ ရပါတော့ တယ်...နောက်ဆုံးအသက်ရှုရတာပင် ခက်ခဲပင်ပန်း
လာခဲ့ ရတာမို့ မိသားစုမှ သူ့ အားဆေး၇ုံသို့ ခေါ်ဆောင်လာခဲ့ ပါတော့ တယ်...
ထိုအခါမှပင် ၎င်း၏လေပြွန်အတွင်း မျှော့ တစ်ကောင်အသက်ရှုင်လျှက်ရှိနေသည်ကိုဆရာဝန်များမှတွေ့ ရှိ
ခဲ့ ကြပါတော့ တယ်...
ထိုလူငယ်လေး၏လည်ချောင်းထဲတွင်ရှိသည့် မျှော့ အား လွန်ခဲ့ သည့် သီတင်းပါတ်နှောင်းပိုင်းက တရုတ်
နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ နန်အန်းဒေသ၊ ယီဘင်မြို့ မှ အမှတ် ၂ ယီဘင်ဆေးရုံ္မ္ပတွင်ခွဲ
စိတ်ကုသကာ ဖယ်ရှားပေးခဲ့ ပါတယ်...
သွေးစုပ်ကာအသက်ရှင်နေသည့် မျှော့ ဟာ ခွဲစိတ်ရန်ထိုးပေးခဲ့ သည့်  မေ့ ဆေး၊ ထုံဆေး အားကြံ့ ကြံ့ ခံ
ကာ လူငယ်လေး၏ လေပြွန်ထဲတွင် ရွေ့ လျားသွားလာကာ လည်ချောင်းမှထွက်ပေါ်ဖယ်ရှားခဲ့ ရခြင်းဖြစ်
ပါတယ်...
ယခုဖြစ်ရပ်ဟာ အလွန့် အလွန်ရှားပါးသည့် ဖြစ်စဉ်တစ်ခုဖြစ်သော်လည်း မျှော့ များအနေဖြင့် လူ့ ကိုယ်အ
တွင်း သတိမပြုမိပဲ ၀င်ရောက်သွားနိုင်ခြင်းဟာလည်း ဖြစ်နိုင်ဖွယ်ပါပဲ လို့ အဆိုပါခွဲစိတ်ကုသမှုအား အဓိက
ဦးဆောင်ခဲ့ သည့် ဆရာဝန် ဒေါက်တာချန်ဘင်း ကပြောကြားခဲ့ ပါတယ်...
မျှော့ များဟာ လူ့ နှာခေါင်းလမ်းကြောင်း သို့ တည်းမဟုတ် လည်ချောင်းအတွင်းမှာ အသက်ရှင်နေနိုင်ကြ
ပါတယ် လို့ ဒေါက်တာချန်း ကဆိုခဲ့ ပါတယ်...
မျှော့ များဟာ မြစ်များ၊ချောင်းများ၊ လယ်ကွင်းများ၊ ရေအိုင်များ စသည့် ရေချိုအရပ်ဒေသများတွင် ပေါက်
ပွားနေထိုင်ကြပါတယ်...
ထိုလူငယ်လေးဟာ လယ်ကွင်းထဲတွင်အလုပ်လုပ်နေတုံး မျှော့ ပါရှိသည့် ချောင်းရေကို သောက်သုံးခဲ့ တာ
ဖြစ်ရမယ်ဟု ဖခင်ဖြစ်သူ တောင်ချွမ်ဟွား ကပြောကြားခဲ့ ပါတယ်..
ကျွန်တော်တို့ ငယ်စဉ်ကလည်း ချောင်းတွေ၊ ကန်တွေ၊ အိုင်တွေမှာ ရေကူးဆော့ ကစားခဲ့ လေ့ ရှိတာမို့ လူ
ကြီးတွေက စအိုထဲကနေမျှော့ ဝင်ပြီးဗိုက်ထဲမှာမျှော့ တွေပေါက်ပွားနေခဲ့ တဲ့ ဖြစ်ရပ်ရှိခဲ့ ဖူးတယ်ဆိုပြီး
ချောက် ပြောခဲ့ ဖူးပါတယ်....
ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမျော်ရန်လာရောက်သူများ
 နိုဝင်ဘာလ ၂၇ ရက်နေ့က ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြှော်ရန်အတွက် ကမ္ဘာအေးဘုရားလမ်းမှ ပါရမီလမ်းရှိ    မလိခလမ်းဆုံအထိ စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်မြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးအတွင်း ကိန်းဝပ်စံပယ်လျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွယ်တော်အား လာရောက်ဖူးမျှော်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရှိရသည်။  
ဗုဒ္ဓမြတ်စွယ်တော်အား လာရောက်ဖူးမြှော်သူများကိုလုံခြုံရေးအရ စစ်ဆေးနေပုံ
နိုဝင်ဘာလ ၂၇ ရက်နေ့က ကမ္ဘာအေးဘုရားလမ်းရှိ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး မုဒ်ဦးအ၀အား တွေ့ရစဉ်
နိုဝင်ဘာလ ၂၇ ရက်နေ့က ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမျော်ရန်အတွက် ပါရမီလမ်းရှိ မလိခလမ်းဆုံအနီးမှစ၍ တန်းစီစောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမျော်နိုင်ရန်အတွက် ဧည့်သည်များမှာ နံနက် ၅ နာရီအချိန် ၀န်းကျင်ခန့်မှစတင်၍ တန်းစီစောင့်ဆိုင်းစွာ ဖူးမျော်နေလျက်ရှိကြောင်း သိရှိရသည်။ ယင်းနေ့တွင် ဖူးမျော်ရန်အတွက် တန်းစီစောင့်ဆိုင်းခဲ့သည့် ဘုရားဖူးဧည့်သည်များမှာ ကမ္ဘာအေးဘုရားလမ်းရှိ ကမ္ဘာအေးကုန်မြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးရှေ့မှ ပါရမီလမ်းရှိ မလိခလမ်းဆုံအထိ ရှိခဲ့ကြောင်းသိရသည်။
မြန်မာပြည်က ကလေးတွေ ဆိုးတာလောက်ကတော့
ကဲ အခုခေတ် ကလေးတွေ ဆိုးတယ်ဆိုတာ ရီချင်တယ် တဲ့နော် မြန်မာပြည်က ကလေးတွေ ဆိုးတာလောက်ကတော့ စကားထဲထည့်မပြောဘူးတဲ့ မကြာခင်ပဲ ကလေးမာဖီးယားဂိုဏ်းဖွဲ့ တော့မည်တဲ့ဟိ.. :P စတာပါ ကလေးတွေက လဲနော် အရက်သေစာကို ကလေးတွေသောက်ရမယ်လို့ ဘူပြောထားလဲတဲ့ ကဲလူကြီးတွေ သောက်တယ်ဆိုတာ လောက်ကတော့အေးဆေးပဲတဲ့နော် ကြည့်ပါဦးးတကယ့်ကို ဆရာကြီး လေးတွေနော် အားလုံး စံထားလောက်တယ် ကလေးတွေကတော့ဖြင့် ဟိ.. :P
မေမေရယ် နည်းတယ် သားသားကို မမူးသေးဘူး မေမေ ထပ်သောက်မယ်နော် ဟိ :P
အေ့.. ဘယ်ကောင်တုန်းကွ မိုက်တာလဲနော် ဟွန်းး အေ့ .. ဟိဟိ :P
အားပါးးး မေမေလစ်တုန်း ကစ်လိုက်မှ မသိမသာလေး ဟိ... :P
ဟိဟိ များကြီးပဲ အားရ ပါးရ ကိုသောက်ပစ်လိုက်မယ်.. :P
မေမေ သားက မသောက်ချင်ဘူး မေမေတိုက်လို့ နော်ဟိဟိ (ဂွင်ပဲပွပြီ) :P
အဟိ နင်လဲချောတယ် ငါလဲပေါတယ် အေ့ အဟိ အိမ်မက်ပါလား အော် ငါမူးးနေပြီ :P
အေ့ အို့ .... အိမ်မှာအေးဆေးပဲ မမေေ မချိတုန်းလေး ဇိမ်ခံနေလိုက်မယ် ဟိဟိ ဘီယာလေးနဲ့ နပ်နေမယ် ဟိဟိ :P
အပါးတစ် ကစ်လောက် ကစ်လိုက်ဦးမှပဲနော်.. ဟိ ဖေကြီး .. မေကြီး .. လစ်တုန်းလေး :P
အမလေးး .. ငါနဲ့ အသဲကွဲတဲ့ ရောဂါဆိုးးတယ်နော် ကောင်လေးရယ် နင်ငါ့ကိုထားခဲ့ရက်တယ် ငါ့မှာအဖော်ဆိုလို ဒါလေးပဲသောက် အဖော်ပြုရတော့မယ် ဟယ်... :P
ကစ်လိုက်မယ် အားပါးး ကောင်းလိုက်တာ ဂလု :P
ဖေဖေ မသိအောင် ပိုက်ဆံ ယူလာပီး လမ်းမှာ ၀ယ်ကစ်နေရတယ် ဂျာ :P
အရမ်းသောက်ချင်နေပါပြီဆို. ... အရေးထဲ သူက မသောက်နဲ့ လာရစ်နေသေးတယ် ညစ်ပါ့ဂျာ.. :P
အဟိ တွေ့ တာပဲသောက်တော့မယ် ဒိနေ့ တော့ နှစ်ပုလင်းတွေ့ တယ် ပွပြီ အခိုင်ပဲဟေ့ :P
ဘယ် ကောင်မိုက်လဲကွ ထွက်ခဲ့ အေးဆေးနေနော် လာမရစ်နဲ့ ဟိဟိ.. :P
ဘယ်သူတွေဘာပြောပြော ပြောပါစေ အချစ်ကလေးရယ် ကိုမင်းကိုပဲသောက်မယ် ဟိ.. :P
အားပါးး ဒီနေ့ ကံကောင်းတယ်ဟေ့ ၀ိုင်းတိုင်းမကျဲ လိုက်ရဘူး မျက်လုံးလေးပြူးပြလိုက်တာနဲ့ ထုတ်ပေးလာတယ် ဟိ :P
အ့ မိုက်တယ်ကွာ ဖေဖေ လက်ထဲက လုထားတာလေး ဟိဟိ :P
ဟေ့ လာခေါ်မနေနဲ့နော် ကိုယ့်ဘာသာ အေးဆေး ဖင်ထောင် သောက်နေတာ ဟွန်းးး :P
အို ဟေ့ ဒင်းလောက် ဘယ်သူမှ သစ္စာမရှိဘူးးး ကွ မူးအောင်ပဲ သောက်တော့မယ် :P
ဖေဖေ မေမေရယ် သားနို့ မချို့ ရချင်နေပါတော့ သားဒါတော့ဆွဲနေပြီ ဟိ.. :P
သားဒီလို သောက်နေတာ ဖေဖေပါတယ်နော် နောက်မှာ ဘာလာကြည့်နေတာလဲ သောက်ချင်မှာလိုက် ဟွန်းးး ဟိ :P
မေမေ .. မေမေကရက်စက်တယ် ဟွန်းး သားကို များများသောက် မြန်မြန်သေစေချင်တယ်ထင်တယ်ကြည့်ပါဦးမှာပေးထားတာကိုလဲ :P
ဖေဖေ ရက်စက်ပါနဲ့ လားနော် သားကို သားရမ်းသောက်ချင်နေပြီ ဖေဖေနော် ဟွန်းး :P
မေမေ ဘာတွေသောက် သားသား ကိုနည်းနည်းတိုက်ပါလားလေ အဟိ.. :P
ဟိဟိ ကမ္ဘာ့ ကလေး ဘောစိလေးးနော် အရက်သောက်တာ ဘြူ့ပိုင်မလဲဟေ့ တပည့်တွေ အပြင်ထွက်နေ ငါဓါတ်ပုံ အရိုက်ခံနေတယ် ဖုန်းလာရင် အားသေးဘူးလို့ ကျောလိုက် ဟိ.. :P
ဟဲ့ရောင် .. သယ်ရင်းချကွာ အေးဆေးပဲ တို့ ပန်းခြံထွက်လာတာ မေမေ တို့ မသိဘူး အေးဆေးပဲ ချသာချ ဟိ.. :P
ဖေဖေ အဲတာဘာတုန်းး ဟင် မီးးလေး တောက်ချင်တယ် တိုက်ပါနော် ဟိ.. :P
အဟင့်အဟင့် သောက်ချာ မချိတော့ဘူး ကုန်နေပြီ ဘူမှလဲ ၀ယ်ပေးဘူးး အဟင့်အဟင့် :P
ကဲ ဘယ်ကောင်မှ ဂရုကိုမစိုက်တာ ဘယ်လောက် မိုက်လဲဟေ့ ထွက်ခဲ့နော် ဘူရိုးတော့ မချိုးးတော့ ပြသနာ တတ်သွားမယ်သိလားး ဟိဟိ :P
Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
နယူးဒေလီ (မဇ္ဈိမ) ။         ။ ဂူဂဲလ်မှ အခမဲ့သုံးခွင့် ပြုထားသည့် ဂျီမေးလ်နှင့် ဂျီတော့ပ်များကို အစိုးရအနေဖြင့် ကြားဖြတ် စောင့်ကြည့်၊ ဖောက်ထွင်းနိုင်ကြောင်း အင်တာနက်လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။
“သူက ကြားခံ ဆာဗာ သုံးခုကို  ဖြတ်ရတယ်။ ဖြတ်တိုင်းမှာ ဆာဗာတွေက မှတ်တမ်းယူထားတယ်။ အဲဒီမှတ်တမ်းကို အခြေခံပြီး ပြန်ယူလို့လွယ်တယ်။” ဟု ပြည်ပအခြေစိုက် အိုင်တီလုံခြုံရေးဆိုင်ရာ ပညာရပ်ဖြင့် လုပ်ကိုင်နေသူ ကိုမောင်မောင်က မဇ္ဈိမကို ပြောသည်။
ကြားခံ ဆာဗာသုံးခုမှာ အသုံးပြုရာ နယ်မြေအခြေစိုက် သက်ဆိုင်ရာ မြို့နယ်အလိုက် ထားရှိသည့် Local ISP (Internet service provider), တနိုင်ငံလုံးအား အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ရတနာပုံ တယ်လီပို့စ်နှင့်
မြန်မာ့ဆက်သွယ်ရေး MPT ကဲ့သို့သော Main ISP နှင့် ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် ထားရှိသည့် ဟံသာဝတီ National Gateway တို့ဖြစ်သည်။
GTalk မှ နောက်ဆုံးရ မြန်မာသတင်းများ ဖတ်နိုင်ပြီ
ပြည်တွင်း၌ တရားဝင်ထုတ်ဝေနေသည့် ဂျာနယ်များမှ ရရှိသည့် နောက်ဆုံးရသတင်းများကိုG Talk အသုံးပြုသူများ အချိန်မရွေးဖတ်ရှု နိုင်မည့်စနစ် မြန်မာအင်တာနက်မှ စတင်လိုက်ပြီဟု သိရသည်။ သတင်းဖတ်ရှုလိုသူများ သည် မိမိ G Talk တွင် friends. myan-mar.burma@ gmail.com
ကို မိတ်ဆွေစာရင်းတွင် ထည့်သွင်းထားရမည်ဖြစ်သည် ထိုမိတ်ဆွေအမည်ကို ပုံမှန်စာရိုက်၍ စကားပြောသကဲ့သို့ စာတစ်ခုခုရိုက်ထည့်၍ Enter နှိပ်လိုက်ပါက နောက်ဆုံးရ သတင်း ၁ဝ ပုဒ်ကို ချက်ချင်းထုတ်ပြပေးမည်ဖြစ်သည်။ ၄င်းသတင်းများကို နေ့စဉ် ပုံမှန်ထွက်ရှိနေသည့်  ပြည်တွင်းထုတ် ဂျာနယ်များမှရွေးကာာ myanmar- myanmar. net မှ ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။ ”သိသင့်သိထိုက်တဲ့သတင်းတွေကို ရွေးဖော်ပြပေးမှာပါ။ ဖော်ပြရင်လည်း တစ်ပုဒ်လုံးမဟုတ်ဘဲ အဓိက အကြောင်းအရာပဲ ဖော်ပြမှာပါ။ ကိုယ်တိုင်ကလည်း နည်းပညာပိုင်း လုပ်နေတာဖြစ်တဲ့ အတွက် နည်း ပညာပိုင်းမှာ သိသင့်တဲ့ဟာတွေကိုလည်း ဘာသာပြန်ပြီး ထည့်ပေးမယ်” ဟု မြန်မာအင်တာနက်မှ တာဝန်ရှိသူ တစ်ဦးက သတင်းတင်ပြမှုနှင့် ပတ် သက်၍ ရှင်းပြသည်။ ပြည်ပရောက် မြန်မာအများစုအနေဖြင့် ပြည်တွင်းသတင်းဂျာနယ်များမှ သိသင့်သိထိုက်သည့် သတင်းများကို ဖတ်ရှုနိုင်ရန် တင် ပြပေးခြင်းဖြစ်ကြောင်း ၄င်းက  ဆက်လက်ပြောကြားသည်။ ပြည်တွင်းထုတ် သတင်းဂျာနယ်များမှ  စိစစ်ရေးခွင့်ပြုချက်ရ သတင်းများကို ဖော်ပြသည့် သတင်းဝက်ဘ်ဆိုက် www. myanmar-myanmar.net မှ နေ့စဉ်သတင်းဂျာနယ်ပေါင်းစုံမှ သတင်းများကို အခမဲ့ဖတ်ရှုနိုင်ကြောင်း သိရသည်။
ဒီဇင်ဘာအတွင်း ကြယ်မိုးရွာမည်
၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၃ ရက် ညသန်းခေါင်ယံအချိန်မှ ဒီဇင် ဘာ ၁၄ ရက် နံနက် ၃ နာရီ အတွင်းတွင် ကြယ်မိုးရွာသည့် ဖြစ် စဉ် တစ်ခုဖြစ်ပေါ်မည်ဟု နက္ခတ် သိပ္ပံအဖွဲ့မှ ဦးဇေယျာကိုက ပြော သည်။အဆိုပါဖြစ်စဉ်သည် ၂ဝ၁ဝ ပြည့်နှစ်အတွက် နောက်ဆုံးဖြစ်ပေါ် သည့် ကြယ်မိုးရွာသည့် ဖြစ်စဉ်တစ် ခုဖြစ်ပြီး ကြယ်မိုးရွာ သည့်ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်ပြီး အရှေ့ ဘက် မိုးကောင်းကင်သို့ ကြည့်ရှုရ မည်ဖြစ်ကြောင်း၊ ထိုဖြစ်စဉ်ကို စောင့်ကြည့်မည် ဆိုလျှင် လူ ၃ ယောက် ဖိုခနောက် ဆိုင်ကျောချင်း ကပ်ပြီး မိုးကောင်းကင်ကိုကြည့်ပါက ပို၍ မြင်နိုင်ကြောင်း၊ ကြယ်မိုးရွာ သည့် ဖြစ်စဉ်သည် လျှပ်တစ်ပြက် ချက်ချင်း ဖြစ်ပေါ်သည့်ပြင် အချိန်ကို အတိအကျတွက်ချက်၍မရသည့် အတွက် သတ်မှတ်ချိန်အတော အတွင်းတွင် စောင့်ကြည့်ရန် လို အပ်ကြောင်း ဦးဇေယျာကိုက ပြော သည်။”ကျွန်တော်တို့နေတဲ့ ကမ္ဘာ ကြီးက တစ်နှစ်ကိုတစ်ကြိမ် နေမင်း ကို တစ်ပတ်ပြည့်အောင် လှည့်ပတ် တယ်။ အဲဒီလို လှည့်ပတ်တဲ့အခါ လှည့်ပတ်လမ်းကြောင်းမှာ ဥက္ကာပျံ ခဲအစအနလေးတွေရှိတဲ့နေရာတွေ ကို နှစ်စဉ် ပုံမှန် ၈ ကြိမ်၊ ၉ ကြိမ် လောက်ဖြတ်သန်းရတယ်။ ကမ္ဘာ က ဥက္ကာပျံခဲအစုအဖွဲ့နေရာတွေကို ဖြတ်တဲ့အခါ ကမ္ဘာရဲ့ဆွဲငင်အား ကြောင့် ဥက္ကာပျံခဲအစအနတွေက ကမ္ဘာ့လေထုထဲကို ရောက်လာပြီး လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့တွေက ဥက္ကာ ပျံခဲအစ အနေတွေကို ချေဖျက်လိုက် တဲ့အတွက် ဥက္ကာပျံခဲအစအနတွေ ဟာ ကမ္ဘာမြေပေါ်ကို ပြာမှုန့်လေး တွေအဖြစ်နဲ့ ရောက်လာတယ်။ အဲ ဒါကို နက္ခတ် ပညာရှင်တွေက ကြယ် မိုးရွာတယ်လို့ ပြောကြတယ်” ဟု ၄င်းက ပြောသည်။ကြယ်မိုးရွာသည့် ဖြစ်စဉ်သည် တစ်နှစ်လျှင် ၈ ကြိမ်၊ ၉ ကြိမ်ခန့် ဖြစ်ပေါ်တတ်သော်လည်း လမိုက် ည များနှင့်တိုက်ဆိုင်မှသာ  မြင်တွေ့ ခွင့်ရနိုင်ကြောင်း၊ လာမည့် ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီ ၃၊ ဧပြီ ၂၂၊ မေ ၅၊ ဇူလိုင် ၂၈၊ သြဂုတ် ၁၂၊ အောက်တိုဘာ ၂၁၊ နိုဝင်ဘာ ၃ နှင့် ၁၇ ရက်၊ ဒီဇင်ဘာ ၁၃ ရက် များတွင် ကြယ်မိုးရွာသည့်ဖြစ်စဉ် များဖြစ်ပေါ်မည်ဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နှင့် မေ ၅ ရက်ဖြစ်စဉ်တို့ကို မြန်မာနိုင်ငံမှ အကောင်းဆုံးမြင်တွေ့ ရမည်ဖြစ်၍ ဇန်နဝါရီ ၃ ရက်တွင် အရှေ့ဘက်မိုးကောင်းကင်နှင့် မေလ ၅ ရက်တွင် အနောက်တောင် ဘက် မိုးကောင်းကင်တို့ကို ကြည့် ရှုရမည်ဖြစ်ကြောင်း သိရသည်။”ထူးခြားချက်က အောက်တို ဘာ ဖြစ်စဉ်တွေမှာ ဥက္ကာပျံခဲအစု အဝေးလေးတွေက ရန်ကုန်မြို့ပေါ် ကနေ အမြဲတမ်းဖြတ်ပြီး နိုဝင်ဘာ ဖြစ်စဉ်တွေမှာ မန္တလေးမြို့ပေါ်က အမြဲတမ်းဖြတ်တယ်။ အခု ဒီဇင်ဘာ မှာဖြစ်မယ့်ဖြစ်စဉ်မှာကျတော့ ဥက္ကာပျံခဲအစုအဝေးလေးတွေက တရုတ်နိုင်ငံအလယ်ပိုင်းကစပြီး အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက မြောက်ဘက်ဆုံးပိုင်းကနေ မြောက် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန်တောင်ပိုင်းဒေသတွေ ကနေဖြတ်သွားဖို့ရှိတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။
ရုပ်ရှင်ဆန်ဆန် နွယ်သာကီလမ်း လူသတ်မှု တရားခံဟု ယူဆရသူ ၃ ဦးအား စစ်ဆေးနေ
မြောက်ဥက္ကလာပ နွယ်သာကီ ၆ လမ်းတွင် နိုဝင်ဘာ ၁၇ ရက် ညက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူများအား စစ်ဆေးနေပြီဖြစ်ကြောင်း ဝေဘာဂီ  ရဲစခန်းမှ ဒုရဲအုပ် ဇင်မင်းထွန်းက နိုဝင်ဘာ ၁၈ တွင်ပြောသည်။ ”လက်ရှိ ၃ ဦး စစ်ဆေးနေ ပါပြီ။ တရားခံကို တိတိကျကျပြော လို့မရသေးဘူး။ မျိုးကြီး အပါအဝင် ၃ ဦးပေါ့။ မျိုးကြီးက ကိုသက်ဦးရဲ့ သားချင်းတစ်ယောက်ပါ။ ကိုသက်ဦး မိသားစုကိုလည်း ညကတည်းက ခေါ်ပြီး စစ်နေပါတယ်။ ဒီလူပါလို့ သံသယရှိတဲ့အတွက်ပါ” ဟု ဒုရဲအုပ် ဇင်မင်းထွန်းက ဆက်လက်ပြောပြသည်။  ယင်းဖြစ်စဉ်အား မြောက် ဥက္ကလာပမြို့နယ် ဝေဘာဂီ ရဲစခန်း မှ ဒုရဲအုပ်တင်ဦးက တရားလိုအမှု ဖွင့် တိုင်းကြားထားပြီး တရား လိုဟု ယူဆရသူများနှင့် မျက်မြင် သက်သေ အချို့အား ခေါ်ယူစစ်ဆေးနေကြောင်း၊ ထို့အပြင် ပြစ်မှု ကျူးလွန် သူလူတစ်ဦးအား ဖမ်းဆီးနိုင်ရေးမှာ နီးစပ်လာ ပြီဖြစ်   ကြောင်း သိရသည်။ ”သေတဲ့အချိန်အခင်းဖြစ်တဲ့ နေရာကို ရဲတွေရပ်ကွက်တာဝန်ရှိ တဲ့သူတွေက ချက်ချင်းရောက်မလာ ဘူး။ မှတ်တမ်းလုပ်တာလည်း မရှိ ဘူး။ မနက်ရောက်လို့ ရဲစခန်းအမှု သွားဖွင့်တော့မှ သူတို့က တရားလို လုပ်ပြီး အမှုဖွင့်ထားတယ်လို့ ပြော တယ်။ ကာယကံရှင်ဖြစ်တဲ့ ကျွန်မ တို့က အမှုဖွင့်စရာမလိုတော့ဘူး တဲ့။ နောက်ညကလည်း သေဆုံးသူ ကျော်မင်းနဲ့ အခင်းဖြစ်တဲ့နေရာကို ဓာတ်ပုံမရိုက်ဘူး။ ဆေးရုံမှာလည်း ဓာတ်ပုံမရိုက်ခဲ့ဘူးလို့ ပြောတော့ အခု သွားရိုက်မှာလို့ တာဝန်ကျရဲ တစ်ယောက်က ပြောတယ်” ဟု နိုဝင်ဘာ ၁၈ ရက်နေ့ ၁ နာရီခန့် က သေဆုံးသူကိုကျော်မင်း၏ အစ်မ ဝမ်းကွဲတစ်ဦးက ရှင်းပြသည်။  သေဆုံးသူ ကိုကျော် မင်းနှင့် တရားခံဟု ယူဆရသူ ၃ ဦးအနက် ကိုသက်ဦးနှင့် သားဖြစ်သူသာ ကိုကျော်မင်းနှင့် ရန်ငြိုးများရှိခဲ့ ကြောင်း၊ ယခုခေါ်ယူစစ်ဆေးသည့် အထဲ၌ ပါရှိသည့် မျိုးကြီး ဆိုသူကို မသိရှိကြောင်း ကိုကျော်မင်း၏ မိသားစုဝင်များက ပြောသည်။ သေဆုံးသူကိုကျော်မင်းနှင့် တရားခံဟုယူဆရသူ ကိုသက်ဦးတို့ သည် ယခင်ကတည်းက တစ်ဦးနှင့်တစ်ဦး အငြိုးအတေးများရှိခဲ့ပြီး ကိုသက်ဦးသည် သေဆုံးသူ ကိုကျော်မင်းအား နှစ်ကြိမ်ရန်မူပြု လုပ်ခဲ့ကြောင်း၊ ယင်းအတွက် ကိုသက်ဦးမှ ကိုကျော်မင်းအား   လျော်ကြေးငွေကျပ်သုံးသိန်း၊ ရပ်ကွက် လူကြီးများထံမှ တစ်ဆင့်ပေး အပ်ခဲ့ကြောင်း၊ သေဆုံးသူကိုကျော် မင်းမှာလည်း ကိုသက်ဦးအား လာရောက်ကျူးလွန် မှုပြုခဲ့   ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှသိရသည်။ ”သေဆုံးသူ ကိုကျော်မင်း ဘက်ကရော ကိုသက်ဦးဘက်ကပါ အရင်ဖြစ်တဲ့အကြိမ်တွေမှာ လာ ရောက်တိုင်တာတော့ မလုပ်ခဲ့ကြပါ ဘူး။ ကိုကျော်မင်းကို ရပ်ကွက်အုပ် ချုပ်ရေးမှူးနဲ့ ရဲတွေသွားဖမ်းတယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဒါတွေ ဟာ သေပြီးမှ ထွက်လာတဲ့သတင်း တွေပါ” ဟု ဒုရဲအုပ် ဇင်မင်းထွန်း က ပြောသည်။ သို့သော် သေဆုံးသူကိုကျော် မင်း၏ မိသားစုနှင့် ရပ်ကွက်နေသူ အချို့က ဒုရဲအုပ်ဇင်မင်းထွန်း၏ ပြောကြားချက်များမှာ မဟုတ်မှန်   ကြောင်း ပြီးခဲ့သည့် တန်ဆောင် မုန်းလပြည့်နေ့ ညနေပိုင်းအချိန်က ဒုရဲအုပ် ထွန်းတင်ဦးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းဒင်တို့က ကိုကျော်မင်းအား လာရောက်ဖမ်း ဆီးကြောင်း ရပ်ကွက်နေပြည်သူ ၃ဝဝ ခန့်က ဝင်ရောက် ဟန့်တားရာမှ ဆက်လက်ဖမ်းဆီးခြင်းမပြုဘဲ ထွက်ခွာသွားကြောင်း မိသားစုဝင် များက ပြောသည်။
လောကကြီးကကြောက်စရာကောင်းပါသည်
တရုတ်ပြည်၊ Si chuan (စီချွမ်)ပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ မူးနေတဲ့တက္ကသိုလ်ကျောင်းသူ မိန်းက
လေးတစ်ယောက်က ကပွဲမှာ ယောကျာင်္းလေးတစ်ယောက်နဲ့ တွေ့ခဲ့ရကာနေ ဟိုတယ်ကို သွားဖို့သ
ဘောတူကာလိုက်သွားခဲ့ပါတယ်။ ဟိုတယ်ရောက်တော့လဲ အရက်ထပ်သောက်ခဲ့ပြီး အိပ်ပျော်သွားခဲ့
တယ်။ နှိုးလာတဲ့အချိန်မှာတော့ သူမဟာရေခဲတွေအပြည့်ထည့်ထားတဲ့ကန်ထဲကိုရောက်နေခဲ့တယ်။
“ နံပတ်၁၂၀ ကိုဖုန်းဆက်ပါ၊မဟုတ်ရင်နင်သေလိမ့်မယ်”လို့
ရေးထားတဲ့စာတစ်စောင်ကိုကန်ရဲ့ဘေးနားမှာတွေ့ခဲ့တယ်
သူမရဲ့ဖုန်းကိုလဲ အဲ့စာရဲ့ဘေးနားမှာပဲတွေ့ခဲ့တယ်။ ဒါနဲ့သူမ
ကဖုန်းဆက်ပီးအခုအဖြစ်အပျက်ကိုပြောပြတော့ ဆရာဝန်
က သူမရဲ့နောက်ကျောဘက်ကိုစစ်ဆေးကြည့်ဖို့ အကြံပေး
ခဲ့တယ်။
စစ်ဆေးကြည့်တဲ့အခါကျတော့ နောက်ကျောဘက် အောက်ဘက်နားလောက်မှာ ၉လက်မ ရှည်တဲ့
ဒါဏ်ရာ အပေါက်၂ခုကို တွေ့ခဲ့တယ်။ ဆရာဝန်က သူမကို ချက်ချင်းပဲ
ရေခဲကန်ထဲကို ပြန်သွားပြီး မ
လှုပ်ရှားပဲနေဖို့ပြောလိုက်ပြီး၊ကယ်ဆယ်ရေးအဖွဲ့ကိုလွှတ်ပေးခဲ့တယ်။တကယ်တော့သူမက ကျောက်
ကပ်အခိုးခံလိုက်ရတာပါ။ ဒါဏ်ရာအပေါက်၂ခုကတော့ ကျောက်ကပ်ထုတ်ယူတုန်းက ဖြစ်ခဲ့တဲ့ဒါဏ်
ရာပါ။ မှောင်ခိုဈေး(တရားမ၀င်ဈေး) မှာ ကျောက်ကပ်တစ်လုံးဟာ ယွမ်၃သိန်းတန်ပါတယ်။
မှု့ခင်းဆရာဝန်ပြောပြချက်အရ၊ ကျောက်ကပ်အခိုးခံရတဲ့ မိန်းကလေးသောက်ခဲ့တဲ့
အရက်ထဲမှာ မူးယစ်ဆေးတင်မကပဲ ထုံဆေးတစ်မျိုးပါ ပါဝင်နေပါတယ်လို့ဆိုပါတယ်။ ပြီးတော့ ရေခဲဟာလဲအသားကိုထုံကျင်စေထားတဲ့အတွက် အခိုးခံရတဲ့သူဟာ ကျောက်ကပ်အခိုးခံနေရစဉ်မှာ
နာကျင်မှု့မခံစားရတာပဲဖြစ်ပါတယ်။
ကျောက်ကပ်အခိုးခံရတဲ့မိန်းကလေးကတော့ ဆေးရုံပေါ်မှာပဲကျောက်ကပ်အလှူရှင်ကိုစောင့်ရင်း
ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလိုမျိုးကျောက်ကပ်ခိုးယူမှု့ဟာခုမှပေါ်လာတဲ့ပြစ်မှု့ကျူးလွန်တဲ့ပုံစံမျိုး
ဖြစ်ပါတယ်။ လူငယ်တွေ၊ ခရီးသွားတွေ၊ ကျောင်းသူကျောင်းသားတွေဟာ
အဓိကပစ်မှတ်ဖြစ်နိုင်ပါတယ်လို့ ရဲတွေကသတိပေးထားပါတယ်။
ပြီးတော့ ဒီလိုမျိုး အမှု့အခင်းတွေဟာမြို့ကြီးများမှာပိုဖြစ်လေ့ရှိပါတယ်လို့လဲ ရဲတွေကသတိပေး
ထားပါတယ်။
PNGMYANAMRGROUP
ချစ်သူနဲ့ကွဲလို့တိုက်ပေါ်ကခုန်ချသေတဲ့ မြန်မာအမျိုးသမီး
စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် သူမနေထိုင်ရာ တိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တုန်လှုပ်ဖွယ်သတင်းသည် Facebook အပါအဝင် လူမှုရေးကွန်ယက်များမှတဆင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူအများ အနေဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။
သူမ၏ Facebook ပေါ်တွင်လည်း “I Miss Being Happy” ဆိုသည့် စကားလုံးအား ပုံဖော်ရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။
သူမအနေဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ရခြင်းမှာ သူမ၏ချစ်သူဖြစ်သူနှင့် ပြတ်သွားခဲ့ရခြင်းကြောင့်ဟု ယူဆရပြီး သေဆုံးချိန် တွင် သူမ၏ချစ်သူဟောင်းဖြစ်သူ၏ နာမည်အား ရင်ဘတ်ပေါ်တွင် tattoo ထိုးထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။
ထိုနည်းတူ ရဲတပ်ဖွဲ့အနေဖြင့် “Dear, why are you so cruel?” ဟု ရေးသားထားသည့် သူမနှင့် သူမ၏ချစ်သူဟောင်းတို့ အတူတွဲရိုက် ထားသော ဓာတ်ပုံအားလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
မရင်ငြိမ်းပွင့်သည် မိမိကိုယ်ကို အဆုံးမစီရင်မီ facebook ပေါ်၌ “Please take care of my boyfriend” ဟု အမည်ပေးထား သည့် နောက်ဆုံးမှတ်တမ်း တစ်ခုအားလည်း ရေးသားထားခဲ့သည်။ အဆိုပါ မှတ်တမ်းသည် သူမချစ်သူဟောင်း၏ ရည်းစားသစ်ဖြစ် ဖွယ်ရှိသော မိန်းကလေးတစ်ဦးအား ရည်ညွှန်းပြီး ရေးသားထားခြင်း ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။
မရင်ငြိမ်းပွင့်သည် အဆိုပါတိုက်ခန်း၏ ၄ လွှာတွင် အခြားမြန်မာအမျိုးသမီး ၇ ဦးနှင့်အတူ နေထိုင်ကြောင်းနှင့် တစ်ဦးတည်း သီးသန့် နေထိုင်တတ်သူ၊ သူမ၏အခန်းတွင်း၌သာ ကွန်ပြူတာနှင့် အချိန်ကုန်ဆုံးစေသူဟု အခန်းဖော်များ၏ အဆိုအရ သိရှိရသည်။ Facebook ပေါ်၌ပင် သူငယ်ချင်း အနည်းငယ်သာရှိပြီး လတ်တလောကာလတွင်း သူမ၏လုပ်ငန်းခွင်နှင့် လူမှုဆက်ဆံရေး ကိစ္စများ တွင် အခက်အခဲများရှိနေခဲ့ကြောင်း သိရှိရသည်။
သူမ၏ချစ်သူဟောင်းသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နေထိုင်လျက်ရှိသည်ဟု ယူဆရပြီး သူမထံသို့လည်း မည်သည့်​ယောင်္ကျားလေး တစ်ဦးတစ်ယောက်ကမျှ လာရောက်တွေ့ဆုံဖူးခြင်း မရှိကြောင်း အခန်းဖော်များက ပြောပြခဲ့သည်။
မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံ နန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး Kandang Kerbau အမျိုးသမီးနှင့် ကလေး သူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။
(မှတ်ချက် – www.shwelone.com တွင် ဖော်ပြထားသော သတင်းကို ကူးယူ ဖော်ပြခြင်းဖြစ်သည်)Another Source – http://news.insing.com/tabloid/young-woman-found-dead-this-morning/id-79183f00 
မိုးမခ မီဒီယာ မှ ကူးယူဖော်ပြပါသည်။  
ဘင်္ဂလီတွေရဲ့ အသတ်ခံလိုက်ရတဲ့ သုံးလောင်းပြိုင်လူသတ်မှု
 (ကုလားတွေက ကုလားလိုပြောရင်နာကြတယ်။မြန်မာတွေ ကိုယ်ချင်းမစာကြဘူး လိုပြောတယ်။လူလူချင်းခွဲးခြားတယ်ထင်ကြတယ်။)ဒါတွေဘာကြောင့် ဖြစ်တယ်ဆိုတာ သူတို့လုပ်ရပ်တွေကြောင့်ဆိုတာ ကြတောမပြာကြဘူး။သူတို့လူမဆန်တဲ့အပြုအမူတွေ ကြည့်ကြပါဦး။  ဒီလိုလုပ်ရပ်တွေကြောင့် ကျွန်တော်တိုတွေ  ပြောတာ လွန်ပါသလား။
 ၂၀၁၁ ဇူလိုင် ၃၀ ရက်နေ့က စစ်တကောင်းတောင်တန်းဒေသမှာ ရခိုင်မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်တာကို သူ့ရဲ့ မိဘမောင်ဘွားတွေက ကာကွယ်ရင်း ဘင်္ဂလီတွေရဲ့ အသတ်ခံလိုက်ရတဲ့ သုံးလောင်းပြိုင်လူသတ်မှု ဖြစ်သွားပါတယ်..။ အဲဒါကို ဘယ်မီဒိယာ၊ တိတိကျကျမဖော်ပြခဲ့ကြပါဘူး..။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက အဲဒီဒေသတွေက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေရဲ့ ရခိုင်တွေကို အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ကို DVB အပါအ၀င် ပြည်ပက ဘယ်မီဒီယာ ဘယ်သတင်းဌာကမှ အဖက်လုပ်ပြီး ဖော်ပြခဲ့တာ မရှိပါဘူး..။
By Yan Aung (Albums) · ရေးသားမူမှ ကူးယူဖော်ပြတာပါ။
 မိန်ကလေး၏အဖေကို ခေါင်းဖြတ်သတ်
 ညီမဖြစ်သူကိုကာကွယ်ရင်း သေဆုံးခဲ့ရတဲ့အကို
 ကလေးကိုပါမချန် ရက်ရက်စက်စက်သတ်
 အဓမ္မပြုကျင့်ရန်ကြံစည်ခံရသောမိန်းကလေး
ဒါကခုလောလောဆယ်သတင်းပါ(၃.၁၁.၂၀၁၁)
ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာများရန်မှ ကာကွယ်ရန် အစိုးရမှ ဖွဲ့စည်းထားတဲ့ နစက(နယ်စပ်ဒေသကွပ်ကဲမှုတပ်ဖွဲ့)က အရာရှိတစ်ဦး၊တပ်သားတစ်ဦး ရသေ့တောင်မြို့နယ်၊ ကျိုက်ရောကုန်တန်းရွာ(မူဆလင်ရွာ)မှာ အသတ်ခံခဲ့ရပါတယ် မနေ့ကပါ
တရားခံတွေကတော့ ရွာမှာ မရှိတော့ပါဘူးတဲ့ ထွက်ပြေးသွားပါပြီတဲ့
မိမှာဟုတ်တော့ပါဘူး ဟိုဘက်နိုင်ငံကသူတို့အမျိုးတွေနဲ့ချိတ်ပြီး အမေရိကန်တို့၊ ဗြိတိန်တို့၊ နော်ဝေးတို့ရောက်ပြီး နိုင်ငံရေးသမားသွားလုပ်ရောပေါ့။
1 comment:
  1. အင်တာနက်စနစ်အပြင် ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM
    အင်တာနက်စနစ်အပြင် ငွေကျပ် နှစ်သိန်းခွဲဝန်းကျင်ဖြင့် ချထားပေးမည့် တန်ဖိုးနည်း GSM ဖုန်းများ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည်ဖြစ်ကြောင်း၊ စတင်ချထားပေးမည့် တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခများကို တိုးမြှင့် သတ်မှတ်ရန်မရှိဘဲ တစ်မိနစ်လျှင် ငွေကျပ် ၅၀ နှုန်းဖြင့်သာ ကောက်ခံသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
    ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ချထားပေးမည့်လုံးရေ လေးသန်းစီမံချက်တွင် အင်တာနက်စနစ်ကိုပါ တစ်ပါတည်း အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်း အဖြစ် GSM မိုဘိုင်းဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများပူးပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိတိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀ မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်းအဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
    ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ''GSM ဖုန်းလုံးရေ လေးသန်း စီမံချက်ကို ဖေဖော်ဝါရီလလောက်မှာ စတင်ချထားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တန်ဖိုးက နှစ်သိန်းခွဲကနေ သုံးသိန်းကြားပဲရှိမှာပါ။ ဖုန်းခေါ်ဆိုခတွေကိုလည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။ တစ်မိနစ် ၅၀ ကျပ်နှုန်းပဲ ကောက်ခံမှာပါ'' ဟု ပြောကြားခဲ့သည်။
    ''ပုဂ္ဂလိကကုမ္ပဏီတွေ ရောင်းချမှုအပိုင်းမှာလည်း One Stop စနစ်နဲ့ ရောင်းချပေးသွားမယ်။ လမ်းဘေးမှာ ၀ယ်လို့ရတဲ့အထိ လွယ်လွယ်ကူကူဝယ်နိုင်ဖို့ စီစဉ်ပေးထားမှာပါ။ အခုချိန်မှာတော့ ဖုန်းလုံးရေလေးသန်းကို ချပေးဖို့ အသုံးပြုရမယ့် infrastructure တွေ၊ ဆောက်ရမယ့် တာဝါတိုင်တွေ စတာတွေမှာ ရင်းနှီးမြှုပ်နှံရင် ကုန်ကျနိုင်မယ့် စရိတ်နဲ့ ဖုန်းရောင်းချရင် ရရှိမယ့် အကျိုးအမြတ်စတာတွေကို တွက်ချက်ပြီး ဈေးနှုန်း သတ်မှတ် မှာပါ။ သေချာတာကတော့ အခုပေးနေ တဲ့ ငွေကျပ်ငါးသိန်းထက်တော့ လျော့ပါမယ်။ ဒီဂျီအက်စ်အမ် လေးသန်း project မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ ကြီးကြပ်မှုကိုပဲ အဓိက ပြုလုပ်သွားမှာဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကပဲ အဓိကဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ဖုန်းလုံးရေလေးသန်းအား စတင် အသုံးပြုခွင့်ပေးသည့်အခါတွင်လည်း တစ်လလျှင်လုံးရေနှစ်သိန်း ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ထိုသို့ရောင်းချနိုင်မှသာ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
    ''အခု ရန်ကုန်မှာ ငါးသိန်း ဂျီအက်စ်အမ်ဖုန်းတွေကို တစ်ရက်တစ်ထောင်နဲ့ တစ်လကို ဖုန်းလုံးရေသုံး သောင်းနှုန်းလောက် ရောင်းရပါတယ်။ အခုလေးသန်းက မြန်မာတစ်နိုင်ငံလုံးရောင်းမှာဆိုတော့ တစ်လကို ဖုန်းလုံး ရေနှစ်သိန်း ရောင်းနိုင်ဖို့ မျှော်မှန်းပါတယ်။ ဒီလိုတစ်လနှစ်သိန်းနှုန်း ရောင်းချနိုင်မှပဲ ပထမနှစ်အတွက် သတ်မှတ်လုံးရေ ကုန်မှာပါ။ ဒုတိယနှစ်အတွက်က ဖုန်းလုံးရေ ငါးသန်း ထွက်လာမှာဆိုတော့ ငါးသန်း မထွက်လာခင် ကုန်အောင်ရောင်းချနိုင် ဖို့ လိုအပ်ပါတယ်''ဟု ၎င်းက ထပ်မံ ရှင်းပြခဲ့သည်။ ၎င်းစီမံကိန်းအတွက် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများမှာ E Lite ကုမ္ပဏီလီမိတက်၊ ရတနာပုံတယ်လီပို့စ်နှင့် Asia Mega Link ကုမ္ပဏီတို့ ဖြစ်သည်။
    source:www.news-eleven.com
    ReplyDelete
Note: only a member of this blog may post a comment.