ညီနေမင်း
|
Posted: 23 Jan 2012 11:59 AM PST
စိုင်းစိုးလှိုင် : မင်္ဂလာပါ
ကိုညီ . ကျွန်တော်က ကိုညီနေမင်း သင်ပေးနေတဲ့ နည်းပညာတွေကို ခံယူနေတဲ့
ညီငယ်ပါ။ အခု ကျွန်တော့်စက်က ပြသနာတက်နေလို့ ကူညီပါဦး ကိုညီ... desktop
နှင့် စက်ထဲရှိ ဖိုင်အားလုံး Shortcut တွေဖြစ်နေပါပြီ....
ဖွင့်လို့လဲမရတော့ဘူး... အဲ့ဒါ ၀င်းဒိုးမတင်ပဲနဲ့... ဖြေရှင်းလို့ရမယ့်
နည်းလမ်းကောင်းများရှိရင် ကျွန်တော့်ကို ကူညီပါဦး ကိုညီ....
Download ifile.it | Mediafire | Download mirrorcreator
အပေါ်က ပါလာတဲ့ ကီးနဲ့ မလုံလောက်ရင် အောက်မှာ ထပ်ပြီးတော့ ကီးတွေ ထပ်တင်ပေးလိုက်ပါတယ်. အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်.
Download key (ကီးမျှသာ)
ifile.it | Mediafire
အဲ့ဒီ့
virus ကို သတ်မယ့်အကြောင်း မပြောခင်မှာ အဲ့ဒီ့ virus ဘယ်လို အလုပ်လုပ်သလဲ
အရင်ပြောပြပါ့မယ်. ဖိုင်ဆိုက်သေးပြီး နာမည်မကြီးလို့များ
သွားအထင်မသေးနဲ့နော် သုံးကြည့်လိုက်ဦး. အဲ့ ဒီ့ virus ၀င်လာရင် folder
နာမည်တူ .exe format ဖိုင်နာမည်တူ စတဲ့ဟာတွေ အကုန်လျှောက်ပြီး ပေါ်လာပါတယ်.
သတ်လို့လဲ မကုန်နိုင်လောက်အောင်ပါပဲ. ဒါပေမယ့် ဘယ်လောက်ပွားပွား
စိတ်မပျက်ပါနဲ့ . သတ်လို့ရပါတယ်. ကျွန်တော်ကိုယ်တိုင်လည်း သတ်ခဲ့ပြီးတဲ့
အကောင်းဆုံးတစ်နည်းကို ပြောပြပါ့မယ်. အရင်တုန်းကတော့ antivirus ၂
မျိုးလောက်နဲ့ သတ်ရုံတင်မကဘူး registry ထဲကိုပါ ၀င်ပြီးပြင်ပေးရပါသေးတယ်.
အခုတော့ မလိုတော့ပါဘူး. တစ်မျိုးတည်းနဲ့တင် သတ်လို့ရသွားပါပြီ. အောက်မှာ
licence version ကိုပါ တင်ပေးလိုက်ပါတယ်. kaspersky နဲ့သတ်ဖို့ကြိုးစားတာ
သိပ်အဆင်မပြေလိုက်ပါဘူး. ဘာလို့လဲဆိုတော့ တင်လို့ကို မရလို့ပါ.
အဲ့ဒီ့နေရာမှာ မေးစရာရှိပါတယ်. အဲ့ဒါများဗျာ အဲ့ HDD ကို ဖြုတ်ပြီး
kaspersky update ဖြစ်တဲ့ စက်မှာ သွားစစ်လိုက်ပေါ့လည်း မပြောပါနဲ့
ကျွန်တော် သတ်ခဲ့တုန်းက အဲ့ဒီ့ laptop က ၀ယ်ထားတာ မကြာသေးတဲ့အတွက် အာမခံ
ရှိပါသေးတယ်. အဲ့အတွက်ကြောင့်မို့ အထဲက HDD ကို ဖြုတ်လို့မရပါ. virus
တော်တော်များများဟာ သူတို့ ကွန်ပျူတာထဲကို ရောက်ပြီဆိုတာနဲ့ တင်ထားတဲံ
(သို့)တင်မည့် antivirus program ကို အလုပ်မလုပ်နိုင်အောင်
ပိတ်ထားတတ်ပါတယ်. အခုနည်းလေးနဲ့ ရှင်းပေးလိုက်ပါ. တစ်ခုပဲရှိပါတယ်. virus
များရင် သတ်ရတာ လက်ညောင်းမယ် ဒါပါပဲ. ကဲအောက်မှာ ဘယ်လို လုပ်ရမလဲ
ကြည့်လိုက်ပါ.
- download လုပ်လိုက်ပါ. latest version ပါပဲ. အိန္ဒိယက programmar တစ်ယောက် ရေးထားတာပါ။
- install လုပ်လိုက်ပါ. Settings ထဲကိုသွားပြီး General settings ကိုရွေးလိုက်ပါ. ညာဖက်အခြမ်းမှာ Name ..... , Key ........ ဆိုပြီးတော့ တွေ့ပါလိမ့်မယ်. ကျွန်တော် အခုထည့်ပေးလိုက်တဲ့အထဲက ကြိုက်တဲ့ တစ်ခုကိုရွေးပြီးတော့ activate လုပ်လိုက်ပါ လုပ်ပြီးရင်တော့ သူ့အောက်မှာရှိတဲ့ auto update ဆိုတာတွေကို ဖြုတ်ထားလိုက်ပါ.
- ပြီးတာနဲ့ လက်ရှိလုပ်နေတဲ့ အလုပ်တွေကို ခဏရပ်ထားပြီးတော့ ဘာ program မှ မဖွင့်ပါနဲ့. C:/ ကို အရင်ဦးဆုံး စပြီးစစ်ပါ. virus ကိုပဲ ဖယ်ရှားပေးမှာ ဖြစ်တဲ့အတွက် ဘယ် program ဘယ်ဖိုင်ကိုမှ မထိခိုက်ပါဘူး. အဲ့အတွက် စိတ်ချလက်ချသာစစ်ပါ. My computer ကိုဖွင့် C:/ ကို ညာဖက်ကလစ်ထောက်ပြီးတော့ Scan with Smadav ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ သူ့ဟာသူ စစ်နေပါလိမ့်မယ်. တစ်ချို့ virus တွေဆိုရင် delete လုပ်ခိုင်းပါလိမ့်မယ်. အဲ့ဒီ့အခါကျရင်တော့ delete ကို နှိပ်ပေးလိုက်ပါ. တစ်ချို့ virus တွေကို Quarantine ထဲကို ပို့လိုက်ပါလိမ့်မယ်. အဲ့ virus မျိုးကျရင်တော့ အမှန်ခြစ်ပေးပြီးတော့ delete သာ လုပ်လိုက်ပါ.
Download ifile.it | Mediafire | Download mirrorcreator
အပေါ်က ပါလာတဲ့ ကီးနဲ့ မလုံလောက်ရင် အောက်မှာ ထပ်ပြီးတော့ ကီးတွေ ထပ်တင်ပေးလိုက်ပါတယ်. အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်.
Download key (ကီးမျှသာ)
ifile.it | Mediafire
No comments:
Post a Comment
Note: only a member of this blog may post a comment.