အမေစု အကြောင်းရိုက်ထားသော ရုပ်ရှင် အပိုင်း။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရိုက်ကူးထားတဲ့ The Lady ဇာတ်ကားကို စက်တင်ဘာလ ၁၂ ရက်နေ့ ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် Toronto International Film Festival မှာ စတင်ပြသမှာ ဖြစ်ပါတယ်။ကမ္ဘာကျော်အဆိုတော် ဘိုနိုလည်း The Lady ရုပ်ရှင်ဇာတ်ကား ဖွင့်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အလားတူ The Lady ဇာတ်ကားဒါရိုက်တာ ပြင်သစ်လူမျိုး Luc Basson ၊ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်မင်းသမီး မလေးရှားလူမျိုး Michelle Yeoh နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ဗြိတိသျှ ရုပ်ရှင်မင်းသား David Thewlis တို့လည်းတက်ရောက်ကြမှာ ဖြစ်ပါတယ်။ တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဟာ
ပြင်သစ်နိုင်ငံက 'ကိန်း' ရုပ်ရှင်ပွဲတော်ပြီးရင် ဒုတိယ အကြီးဆုံးပွဲတော်ဖြစ်ပါတယ်။ အဲဒီပွဲမှာ The Lady ဇာတ်ကားကိုသုံးရက်ကြာ ပြသမှာ ဖြစ်ပါတယ်။
Information in my sites such as video and other form of digital content can be freely used by anyone for non profit purpose giving credit to the source. Not selling my video or trying to make money.
Click here;http://tinyurl.com/6en8vno The Lady (2011) Part 1 / 15 HD Full Free Movie watch on Wideoweed
No comments:
Post a Comment
Note: only a member of this blog may post a comment.