Saturday, 31 December 2011

သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

"ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်းတထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။

ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။

“ဗုံးကွဲတာတဲ့” ဗုံးလန့်ချိန်မို့ ပြောကြသူကတမျိုး။ “ဂက်စ်အိုး ပေါက်တာ ထင်တယ်” တယောက်တမျိုး အမျိုးအမျိုး ထင်ကြေးပေးနေတာကို နားထောင်ရင်း ကျနော်လည်း အိမ်အောက်ကို ဆင်းလာပြီး အမျိုးသမီးကြီးတယောက်ကို စပ်စုကြည့်တော့ “မင်္ဂလာတောင်ညွန့်ဘက်က ကြားတာပဲ မီးသတ်ကားတွေလည်း အဲဒီဘက် မောင်းသွားကြတယ်”

ကျနော်လည်း ကမန်းကတမ်း အိမ်ပေါ်တက်ပြေးပြီး ကင်မရာယူ၊ အနွေးထည် ကောက်ဝတ်ပြီး တာမွေပလာဇာ ဘက်ကို ပြေးလာခဲ့တယ်။ လမ်းပေါ်မှာတော့ ဟိုနားတစု သည်နားတစုနဲ့ လူတွေ မျှော်ကြည့်နေတဲ့ဘက်ကို ဦးတည်ပြေးသွားရင်း တက္ကစီငှားတယ်။ ပထမတစီးက မလိုက်၊ လမ်းတွေ ပိတ်ထားမယ်ထင်တယ်တဲ့။
chemicalexplo11
နောက် ဒုတိယတစီး အဆင်ပြေသွားတယ်။ “အကို ကျနော် ခုန ပေါက်ကွဲတဲ့ဆီ သွားချင်တယ်” တမြို့လုံး သိနေတဲ့
ပေါက်ကွဲမှုအကြောင်းကိုတော့ ကျနော် သေသေချာချာ ပြောပြဖို့မလို။ တက္ကစီသမားက ကျနော့်ကို ပေါက်ကွဲမှု
ဖြစ်နေတဲ့ဆီကို ဦးတည်မောင်းပေးပါတယ်။

“ကျနော်လည်း ခုနကမှ ဟိုဘက်ကနေ ပတ်မောင်းလာတာ။ ကျနော် အလုံဘက်မှာ ရှိနေတာ မြေကို တုန်သွား တာပဲ” ကားသမားပြောပြတာနားထောင်ရင်း ခဏပဲ မောင်းရသေးတယ်။ စက်ဆန်းဘက်ရောက်တော့ မီးညွန့်က
မြင်နေရပြီ။ ရှေ့ဆက်မောင်းဖို့က အဆင်မပြေတော့။ လမ်းပိတ်ထားလို့ ကားတွေတဖြည်းဖြည်း ကျပ်လာတာနဲ့ ကျနော်လည်း ကားကို ရပ်ခိုင်း၊ ပိုက်ဆံရှင်းပေးပြီးတာနဲ့ မီးညွန့်ရှိတဲ့နေရာဆီ ဦးတည် ပြေးသွားတော့တယ်။

တနေရာအရောက် ပလက်ဖောင်းပေါ်မှာ လူတစု ဝိုင်းအုံနေတာနဲ့ ဝင်ကြည့်လိုက်တော့ ဦးခေါင်းပိုင်းကို ပုဆိုးနဲ့ အုပ်ထားတဲ့ အမျိုးသမီး အလောင်းတခုကို ပလက်ဖောင်းပေါ်မှာ တင်ထားတာတွေ့တယ်။ “ခေါင်းပြတ်သွားတာ” ကျနော် လန့်သွားတယ်။ အခြေအနေ တော်တော်ဆိုးနေပြီဆိုတာ စိတ်ထဲက အလိုလိုသိသွားတာနဲ့ မီးလောင်တဲ့ဆီ ဆက်ပြေးလာခဲ့တယ်။

အဝင်ဝမှာလည်း မီးသတ်ကားတော်တော်များများ ပြည့်နေပြီ။ မီးသတ်ကားတွေ ကျော်ပြီး မီးလောင်နေတဲ့ နေရာ
ရောက်တော့ မီးသတ်သမားလေးယောက် မီးတွေ တဟုန်းဟုန်း လောင်နေတဲ့ကြားထဲဝင်ပြီး မီးသတ်ပိုက်ကို ဆွဲသွင်းနေကြတယ်။

ခဏနေတော့ သူတို့တွေ မီးစသတ်ပါတယ်။ ကျနော်လည်း အဝေးကနေပြီး ဓါတ်ပုံရိုက်နေတယ်။ တဖြည်းဖြည်း သူတို့တွေ မီးတောက်နဲ့ ပိုနီးတဲ့နေရာ ဝင်သွားတယ်။ ကျနော်လည်းနောက်ကနေ တဖြည်းဖြည်း ကပ်လိုက်သွားပြီး ဓါတ်ပုံလိုက်ရိုက်တယ်။ ခဏနေတော့ ဓါတ်ပုံသတင်းထောက် တော်တော်များများ ရောက်လာပြီး သူတို့ကို ဓါတ်ပုံ ရိုက်တယ်။

ကျနော်လည်း ဓါတ်ပုံရိုက်ရတာ ကျေနပ်လောက်တဲ့အခြေအနေမှာ နောက်ကို ပြန်ဆုတ်ပြီး မီးလောင်နေတဲ့ အဆောက်အဦးရဲ့ တဘက်က လူနေအိမ်တွေ ကြည့်လိုက်တော့ ကျနော် လန့်သွားရလောက်အောင် မြင်ကွင်းက ဆန်းနေတယ်။ အိမ်တွေအားလုံးရဲ့ အပေါ်ပိုင်းတွေဟာ စုတ်ပြတ် ပျက်စီးနေတယ်။

ကျိုးပဲ့နေတဲ့ အိမ်တွေထဲမှာ သွပ်ပြားအစုတ်အပြတ်တွေကလည်း တမင် ထိုးသိပ်ထည့်ထားသလိုပဲ။ လမ်းမျက်နှာစာ မှာရှိတဲ့ အိမ်တိုင်းလိုလို ပျက်စီးနေတယ်။ နောက်အိမ်တန်းရဲ့ နောက်ဘက်က ဒုတိယ အိမ်တန်းကို ကြည့်လိုက်
တော့လည်း ပုံစံတူနီးပါး ပျက်စီးနေတယ်။ ဒီအိမ်တွေက လူတွေနေသလား ကျနော် တွေးနေတုန်းရှိသေးတယ်။ လူတယောက်ပြောသံက လူတွေအားလုံး လန့်ပြီး ထွက်ပြေးကုန်ပြီတဲ့။ မီးလောင်တဲ့ အဆောက်အဦးပတ်လည် အားလုံး ဒီအတိုင်းပဲဆိုတာ ထပ်သိလိုက်ရတယ်။
chemicalexplo12ခဏနေတော့ မီးသတ်သမားတွေ ဌာနဆိုင်ရာ ဝန်ထန်းတွေ စုရုံးစုရုံး အလုပ်ရှုပ်နေတဲ့ နေရာရောက်တော့ သူတို့ရဲ့ စကားပြောစက်တွေကို နားစွင့်ရင်း သေဆုံး၊ ဒဏ်ရာရ စာရင်းတွေ ကြားရတယ်။ သုံးနာရီ ၅၄ မိနစ်မှာ ကျား ခုနှစ်၊ မ လေးယောက်သေ၊ ဒဏ်ရာရရှိသူ ၅၄ ယောက်။ အဲဒီထဲမှာ အလာတုန်းက တွေ့ခဲ့တဲ့ ပလက်ဖောင်းပေါ်က အမျိုးသမီးတဦးလည်း ပါမယ်ထင်ပါတယ်။

“အမေ၊ အမေရေ”၊ “အမေရှိလား” စက်ဆန်းရပ်ကွက်သားတဦးဟာ တိတ်ဆိတ်ပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အိမ်တလုံး ထဲကို ခက်ခက်ခဲခဲဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။ စုတ်ပြတ်နေတဲ့ သွပ်ပြားစတွေကလည်း အိမ်အတွင်း
မှာ အပြည့်။ ဒါပေမယ့် သူ မရမက တိုးဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။

ခဏနေတော့ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်မီးကိုယ်စီနဲ့ သူ့အမေကို ကူရှာပေးနေပါတယ်။ ဒါပေမယ့် ကြောင်တကောင်ခိုနေဖို့တောင် အန္တရာယ်မကင်းနိုင်တဲ့ အိမ်ထဲက ဘာသံမှ ထွက်မလာ။ စက်ဆန်း ရပ်ကွက်သားကတော့ ပြန်ထွက်လာပါတယ်။ သူ့ခြေထောက်မှာ သွပ်ပြားရှရာတွေနဲ့ သွေးအလိမ်းလိမ်း။

သွေးပျက်လောက်တဲ့ ပေါက်ကွဲသံကြောင့် အိပ်မောကျနေရာကနေ ထွက်ပြေးသွားကြတဲ့ အိမ်ရှင်တွေ၊ အမှောင်
ကြားက ဒီသွပ်ပြားတွေနဲ့ အပျက်အစီးတွေကို ဘယ်လိုများ ကျော်ဖြတ်သွားကြသလဲ။ ကျနော့်စိတ်ထဲမှာတော့ ပဟေဠိတခု ကျန်နေခဲ့တယ်။

ကျနော်လည်း မီးလောင်ဝန်းကျင် မြင်ကွင်းတွေကို ဓါတ်ပုံဆက်ရိုက်နေခဲ့တယ်။ မီးသတ်သမားတွေရော ကယ်ဆယ်ရေးသမားတွေရော တော်တော်လေးကို စွန့်စားလှုပ်ရှားနေရတာတွေ တွေ့နေရတယ်။ ကျနော်
နိုင်ငံခြားရုပ်ရှင်တွေထဲမှာတွေ့ရသလို အဆင့်မြင့် ပစ္စည်းတွေမသုံးဘဲ သူတို့တွေဟာ အန္တရာယ်နဲ့ အနီးဆုံးမှာ ရိုးရှင်းစွာနဲ့ လှုပ်ရှားနေကြတယ်။ သွပ်ပြားနဲ့ သံဆူးတွေ ရှုပ်နေတဲ့ မီးလောင်ပြင်မှာ သူတို့တွေ ဓါတ်မီးတောင် ကိုယ်စီ မပါကြဘူး။

ဘာကြောင့်လောင်တယ်ဆိုတာကို အတိအကျမသိနိုင်သေးချိန်မှာတော့ မီးသတ်အရာရှိတဦးရဲ့ ကန့် ပေါက်ကွဲမှု လည်း ဖြစ်နိုင်တယ်ဆိုတဲ့ အသံကို ကြားမိတယ်။ လောင်ကျွမ်းနေတဲ့ မီးရဲ့အရောင်ကို အကဲခတ်ရင်း သူ အဝေးက
နေ သတိပေးပါတယ်။

“အားလုံး နောက်ပြန်ဆုတ်ပါ မီးရောင်က ပြာလာရင် သတိထားရတယ်ဗျ။” ဟု သူက ဆက်ပြောတယ်။

ဓါတ်ပုံကောင်းတပုံရဖို့ဟာလည်း ဓါတ်ပုံသမားတယောက်ရဲ့ ရူးသွပ်မှုဖြစ်တတ်တဲ့အတွက် ကျနော်လည်း အန္တရာယ်ကို မကြောက်အား။ အချိန်မရွေး ပေါက်ကွဲမှုဖြစ်လာနိုင်တဲ့ ဧရိယာအတွင်းမှာ ကျနော် ဝင်နေမိတယ်။ အဲဒီလိုပဲ မီးသတ်သမားတွေလည်း မီးငြိမ်းသတ်ချင်တဲ့ ရူးသွပ်မှုမျိုး ရှိနေကြမှာပါပဲ။

ဓါတုဗေဓပစ္စည်းများပါ ပါဝင်လောင်ကျွမ်းနေတယ်လို့ သံသယရှိသည့်တိုင် မီးခိုးငွေ့တွေကြားမှာ အောက်စီဂျင်ဗူး အသုံးပြုသူတယောက်ကို မြင်နိုင်ဖို့ကလည်း အံ့သြစရာတခု ဖြစ်နေမှာ အမှန်ပဲထင်ပါတယ်။ ခဏနေတော့ ဆုတ်ခဲ့တဲ့နေရာတွေဆီ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ဓါတ်မီးရောင် စမ်းတဝါးဝါးအောက်မှာ ရှာဖွေရင်း
မြေမြုပ်နေတဲ့ မီးသတ်ပိုက်ကို တွေ့ပါတော့တယ်။

မီးသတ်ပိုက်ကို တစတစ လမ်းကြောင်းလိုက်တူးဖော်ရင်း အပျက်အစီးတွေကြားက သွပ်ပြားတခုအောက်ကနေ တစုံတခုကို ဆွဲထုတ်ပါတယ်။ ဘယ်သူမှန်း မသိနိုင်တော့တဲ့ အနီရောင် ယူနီဖောင်းဝတ် မီးသတ်ရဲဘော်တဦး
ဖြစ်နေပါတယ်။

“မျက်နှာက ပျက်နေပြီ ဘယ်သူမှန်းမသိဘူး”

“အဲဒီတယောက်ပဲလား၊ ရှာဦး သေချာရှာဦး”

“အဖွဲ့ လူတွေစစ်ကြပါ”

မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ အချင်းချင်းပြောနေစဉ်မှာပဲ နောက်ထပ် မီးသတ်တဦးရဲ့ ရုပ်အလောင်းတခု ထပ်တွေ့တယ်။ နောက် မီးသတ်စီးတဲ့ ဖိနပ်တဘက်၊ တခြမ်းပဲ့နေတဲ့ မီးသတ်ဦးထုပ်။ နောက်ထပ် ပေါက်ကွဲမှု
ကြောင့် သေဆုံးသွားတဲ့ မီးသတ်တွေ အပျက်အစီးတွေကြားထဲမှာ ရှိနေသေးတယ်ဆိုတာ သေချာသွားပါပြီ။

ရန်ကုန်တိုင်း မီးသတ်ဗဟိုဌာနမှ အရာရှိတဦးရဲ့ အဆိုအရတော့ မီးသတ်တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။
chemicalexplo14
သူတို့ရဲ့ မီးသတ်ကား ဏ/၅၈၅၃ ဟာလည်း ကြီးကြီးမားမားအရာဝတ္ထုနဲ့ ထိမှန်ထားတာမတွေ့ရပေမယ့် စုတ်ပြတ် ပျက်စီးနေပါတယ်။ ဘယ်လိုပေါက်ကွဲမှုကြောင့် ဒီလိုပျက်စီးသွားသလဲဆိုတာ ကျနော် မတွေးတတ်အောင်ပါ။

ဒီမြင်ကွင်းတွေဟာ ကျနော့် ကင်မရာ View Finder အပေါက်က နေကြည်ဆဲခဏမှာ Shutter ခလုပ်ကို နှိပ်ဖို့ စိတ်ကူးတွေကလွဲလို့ ဘာမှခံစားလိုက်ရတာ မရှိသေးဘူး။ ဒါပေမယ့် Play ခလုပ်ကိုနှိပ်ပြီး ပုံပြန်စစ်မိတဲ့အချိန်မှာ ကျနော့်စိတ်တွေ ပြာဝေသွားလောက်အောင် ထိတ်လန့်သွားခဲ့တယ်။

အချိန်တွေက တစတစ ကုန်လွန်သွားတယ်။ တငွေ့ငွေ့လောင်နေတဲ့ မီးညွန့်ကြီးကလည်း ရှိနေဆဲ။ ကောင်းကင်မှာ လည်း မီးခိုးလိပ်ကြီးတွေက မကောင်းဆိုးဝါး တကောင်လိုပဲ။ မီးသတ်သမားတွေ၊ ကြက်ခြေနီတွေလည်း သူတို့ အလုပ် သူတို့လုပ်၊ လူအုပ်ကြီးကလည်း ငေးမောကြရင်း၊ စုတ်သပ်ရင်း သူတို့ အလုပ် သူတို့လုပ်နေကြတယ်။ ရဲဝန်ထမ်းတွေလည်း ဟိုတစ သည်တစ သဲလွန်စ လိုက်ကောက်ကြရင်း အလုပ်လုပ်နေတယ်။ ယာဉ်ထိန်းရဲတွေ လည်း လမ်းသွားလာမှု အဆင်ပြေအောင် သူတို့အလုပ် သူတို့ လုပ်နေကြတယ်။

လေး နာရီနဲ့ ၄၅ မိနစ်ရှိသွားပြီ၊ ကျနော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြန်လှည့်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ အလုပ်တခု လုပ်နေခဲ့တယ်။ သေဆုံးသွားခဲ့ကြတဲ့ မီးသတ်ရဲဘော်တွေ၊ အာဇာနည် သူရဲကောင်းတွေအဖြစ် ကျနော့်စိတ်ထဲမှာ သူတို့ကို ခေါ်လာခဲ့တယ်။

(လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည့် စက်ဆန်းကူးတို့ဆိပ်ရပ်ကွက် ပေါက်ကွဲမီးလောင်မှုတွင် ကျဆုံးသွားသော မီးသတ်ရဲဘော်များအား ဂုဏ်ပြုရေးသားသည်။)

လှကျော်

Monday, 26 December 2011

စင်ကာပူမြန်မာလုပ်ငန်းရှင် လင်မယား ငွေများအလွဲသုံး၍ ထွက်ပြေးပြန်

 စင်ကာပူမြန်မာလုပ်ငန်းရှင် လင်မယား ငွေများအလွဲသုံး၍ ထွက်ပြေးပြန်
မိုးမခရွာဆော်ကြီး၊ စင်္ကာပူ၊ ဒီဇင်ဘာ ၂၆၊ ၂၀၁၁
ရွှေရတနာ မြန်မာငွေလွှဲဆိုင်က မြန်မာမိသားစုများထံက ငွေများ လိမ်လည်ခိုးယူထွက်ပြေးသည့် အရေးအခင်း၏ အဆက်အဖြစ် လွိုင်ဟိန်း မြန်မာငွေလွှဲဆိုင်က ဆိုင်ရှင်လင်မယား ၂ ဦးကလည်း မြန်မာတို့လွှဲထားသော ငွေများကို မလွှဲပေးပဲ တိန်းရှောင်နေသည့် သတင်းထွက်ပေါ်လာသည်။ အဆိုပါ မြန်မာ ၂ဦး၏ ဓာတ်ပုံကို မြန်မာများကျက်စားရာ ပင်နီဆူလာပလာဇာ တွင် ချိတ်ဆွဲထားသည်။
  ရွှေရတနာဆိုင် ပြိုလဲပြီးနောက် အခြားမြန်မာဆိုင်များတွင်လည်း လွှဲငွေများနှင့် ပတ်သက်ပြီး အကြပ်အတည်းများ၊ ကောလဟာလများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ အရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာဆိုင်ရှင်များက စုဝေးပြီးဖြစ်စေ၊ မြန်မာသံရုံးကဖြစ်စေ တစုံတရာ ထုတ်ပြန်ခြင်း တရားဝင် မရှိသေးဟု ဆိုသည်။

Friday, 23 December 2011

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသောအခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသော အခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၂၁ရက်နေ့က သတင်းထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာခေါင်းစဉ်အောက်ရှိ ၀င်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၀င်ငွေခွန်ဥပဒေပုဒ်မ-၅၊ပုဒ်မခွဲ(ခ)အရ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

''အခုဟာက နိုင်ငံခြားကနေ နိုင်ငံခြားငွေနဲ့ ပြည်တွင်းကိုလွှဲတဲ့ လစာငွေတွေအပေါ် ကောက်ခံတဲ့ဝင်ငွေခွန်ကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ သိရတယ်။ ဒါကြောင့် နောက်ပိုင်းကျရင် ဟွန်တီပါပျောက်လာလိမ့်မယ်လို့ ယူဆရတယ်'' ဟု လည်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

''ဒီလို အခွန်လျော့ချလိုက်တော့ နိုင်ငံတော်ဝင်ငွေလျော့သွားပေမယ့်  နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအတွက် ကောင်းတယ်။ နိုင်ငံခြားနဲ့ တရားဝင်ငွေလွှဲတဲ့သူ များလာမယ်။   နိုင်ငံခြားငွေတွေလည်း တိုက်ရိုက် ၀င်လာနိုင်တယ်။ နိုင်ငံခြားကနေ ဘဏ်နဲ့ချိတ်ပြီး တိုက်ရိုက်ငွေလွှဲတာတွေ ရှိလာမယ်။ဒီအတွက် ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်။ အခုဆိုရင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတွေမှာလည်း မြန်မနိုင်ငံက MFTB,MICB အစရှိတဲ့ ဘဏ်ခွဲတွေ ဖွင့်မယ်ဆိုတာလည်း ကြားသိရတယ်ဆိုတော့ ပိုအဆင်ပြေသွား နိုင်တယ်။ နောက်ပိုင်းဆိုရင် နိုင်ငံခြား ဘဏ်လုပ်ငန်းတွေလည်း ဖွင့်ပေးတော့မှာဆိုတော့ ငွေလွှဲတဲ့ကိစ္စတွေ အဆင်ပြေမှာပါ'' ဟုလည်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကင်းလွတ်ခွင့်ပြုခြင်းကို ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက် မည်ဖြစ်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မည်သည့်နေ့မှ မည်သည့်နေ့အထိ ခွင့်ပြုသည်ဆိုသည့် ကန့်သတ်ချက် မပါဝင်ကြောင်းလည်း သိရှိရသည်။
ထုတ်ပြန်ချက်တွင်ပါဝင် သော အကြောင်းအရာအရ ပြည်ပ၌ ၁၈၃ ရက်နှင့်အထက် နေထိုင်ခဲ့ပြီး အလုပ် လုပ်ကိုင်နေသူများ၏ လစာဝင်ငွေ အပေါ်ကောက်ခံသောဝင်ငွေခွန်ကို ဆိုလိုခြင်းဖြစ်ကြောင်း သိရှိရသည်။

Tuesday, 13 December 2011

စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး မိုးပျံလမ်းပေါ်မှ ခုန်ချပြီး သေကြာင်းကြံပြန်

စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး မိုးပျံလမ်းပေါ်မှ ခုန်ချပြီး သေကြာင်းကြံပြန်

စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး လို့ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့် အခုဆေးရုံတင်ထားရကြောင်း တရုတ်ဘာသာနဲ့ရေးသားထားတဲ့ သတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အိမ်ပေါ်လုပ်နေသူ တစ်ဦး ဖြစ်မည်လို့ ခန့်မှန်းရပါတယ်။ ယင်းမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေပေးရေးအေဂျင်စီမှ ထွက်ပြေးလာတာဖြစ်ပါတယ်။ မျက်မြင်များ၏ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့အစွန်းကပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကိုဆန့်တန်းကာ အောက်ကိုခုန်ချတာ လို့သိရပါတယ်။

တက်စီမောင်းသူတစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတယ်။ ၎င်းအမျိုးသမီးဟာပြုတ်ကျလာတဲ့ အချိန်မှာသစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်းကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့် ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကိုလျော့ ပါးသွားစေခဲ့ပါတယ်။ သူဟာ လမ်းမဘေးက ကားတွေလမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ်ကိုပြုတ်ကျလာပြီး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက်ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကိုသယ်ဆောင်သွားတဲ့အချိန်မှာ သူဟာ ဝေဒနာများခံစားနေရသော်လည်း သတိတော့ကောင်းစွာရနေခဲ့ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီးလုံးဝလှုပ်ရှားခွင့်မပေးထားပါဘူး။
အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူအဆုံးစီရင်ချင်တယ်ဆိုတဲ့အကြောင်းကို တစ်ခြားအိမ်အကူအမျိုးသမီးတွေကိုပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာတစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။

Monday, 12 December 2011

တရုတ်နိုင်ငံမှာ ရောင်းတဲ့ ကလေးစွပ်ပြုတ်တဲ့ဗျာ ကြည့်ကြပါဦး။

ကျွန်တော် ဒီ Post လေးကို မတင်ခင် ဓာတ်ပုံလေးတွေ ကြည့်ရင်းနဲ့တင် တော်တော်ကြီးကိုဝမ်းနည်းမိပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံးလဲ ကြည့်ပြီး ခံစားကြည့်ပေးကြပါဦးဗျာ။တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်လေးတွေကို စွပ်ပြုတ်လုပ်သောက်ကြပါတယ်.....ဒီသတင်းဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကို တုန်လှုပ်ချောက်ခြားစေခဲ့တာ အမှန်ပါ.....

ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ စက်ဆုပ်ဖွယ်ရာပုံတွေဟာ တရုတ်နိုင်ငံ ကန်တန် (Canton) ခရိုင်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ဖြစ်တယ်လို့ဆိုပါတယ်....ဒီကလေးစွပ်ပြုတ်ဟာ ကျန်းမာခြင်း၊ သက်လုံကောင်းခြင်း၊ အထူးသဖြင့် လိင်အားတိုးခြင်းကို ဖြစ်စေတယ်လို့ဆိုပါတယ်...
ဈေးနှုန်းကတော့ ဒေါ်လာ(၄,၀၀၀) ခန့် ရှိပါတယ်တဲ့....

ဝယ်သူစားသုံးနေကျဖောက်သည်တစ်ဦးဖြစ်တဲ့ စက်ရုံမန်နေဂျာတစ်ယောက်ကတော့ ဒီလူဆေးစွပ်ပြုတ်ဟာ ထိရောက်မှုရှိတယ်လို့ အင်တာဗျူးမှာ အတည်ပြုပြောဆိုပါတယ်....

အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအ၀င် ကြက်သားနဲ့ရောပြီး ကလေးငယ်ကို ၈ နာရီကြာ ရေနွေးနဲ့ပွက်ပွက်ဆူအောင် ပြုတ်ရပါတယ်....

အသက် ၆၂ နှစ်အရွယ်ရှိတဲ့ စက်ရုံမန်နေဂျာက သူ့ရဲ့ ၁၉ နှစ်အရွယ် ဒုတိယမယားငယ်ကို လက်ညှိးထိုးပြပြီး သူတို့ဟာ နေ့စဉ် လိင်ဆက်ဆံတဲ့အကြောင်း (မရှက်မကြောက်) သတင်းထောက်ကို ပြောပြပါတယ်....

ဒီပုံမှာတွေ့တဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီး... တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးဖြစ်နေတဲ့အတွက် ကိုယ်ဝန် ၅ လအရွယ်မှာ ဖျက်ချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး.....အဲဒီလိုဖျက်ချတာဟာ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်....ဖျက်ချတာမဟုတ်ပဲ မွေးလပြည့်ခါနီးဖြစ်တဲ့ကလေးတွေ သဘာဝအတိုင်းသေမယ်ဆိုရင် တရုတ်ယွမ်းငွေ (၂၀၀၀)လောက် ကုန်ကျပြီး....တမင်သက်သက် ဖျက်ချမယ်ဆိုရင်တော့ ရာဂဏန်းအနည်းငယ်လောက်သာ ကုန်ကျမယ်တဲ့...

ဒေသခံသတင်းထောက် တစ်ယောက်ကတော့ ဒီပြသနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အရမ်းအာရုံစူးစိုက်လွန်းလို့ ထွက်ပေါ်လာတဲ့ ပြသနာတွေဖြစ်ပြီး..... မိသားစုတစုမှာ ကလေးတယောက်သာ ယူရမယ်ဆိုတဲ့ တရုတ်အစိုးရပေါ်လစီရဲ့ အကျိုးသက်ရောက်မှုရလဒ်တွေလည်း ပါတယ်လို့ဆိုပါတယ်.....

ငွေကြေးချမ်းသာတဲ့ တရုတ်အများစုကတော့ ကလေးအသားတွေ စားရတာကို သဘောတွေ့ကြပြီး....မရှိဆင်းရဲသားမိဘတွေကတော့ ငွေကြေးအတွက် သူတို့ရဲ့ ကလေးငယ်တွေကို ရောင်းလိုရောင်း.....ဒီလိုနဲ့ တရုတ်နိုင်ငံမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတွေ ပေါ်ပေါက်လာနေတာ အမှန်ပါ....

နောက်တခုက...စားသောက်ဖွယ်ရာတွေလုပ်ဖို့အတွက် ကလေးအသေတွေကို အမေရိကန်ဒေါ်လာ (၇၀)နဲ့ ထိုင်ဝမ်နိုင်ငံမှာ ၀ယ်လို့ရတယ်လို့ ဆိုပါတယ်.....

ဘယ်နည်းမဆိုပါ.....နီဂုံးချုပ်ကြည့်မယ်ဆိုရင်တော့....ဇာတ်တူသားစားတဲ့ ဟင်္သာ(၉)သောင်းနဲ့ ပင့်ကူ ဇာတ်လမ်းသစ်ကြီးကို တရုတ်နိုင်ငံမှာ မကြာခင် ရှုစားရမှာ ဖြစ်ပါတယ်.....
ဒီပုံ အတိုင်း သူတို့ စွပ်ပြုတ်လုပ်သောက်ကြတာလေ။မိုက်ရိုင်းလိုက်ကြတာ ဗျာ။
ကလေးလေး ကိုယ်ထဲမှာ ရှိတဲ့ မသန့်တာတွေ ကို ဖယ်ရှားဖို့ လုပ်နေကြတာလေ။
ဒီ ပုံထဲက အတိုင်း ကလေးလေး ကိုရေနွေးပွတ်ပွတ်ဆူတဲ့ အထဲကို ထည်ပြီး 8 နာရီကြာ ပြုတ်ကြတာလေ။ဘယ်လောက် စက်ဆုပ်ရွှံစရာကောင်းကြလဲ ဗျာ။
ဒီ ပုံလေးကတော့ သူတို့တရုတ်တွေရဲ့ ဆေးပေါင်းစုံနဲ့ ကလေးလေးကို စွပ်ပြုတ်လုပ်ဖို့ အတွက်ပြင်ဆင်နေတဲ့ ပုံလေးပါ။
ဒီပုံလေး ကတော့ ကလေးလေးကို ဓားနဲ့ ခွဲပြီး စွပ်ပြုတ်လုပ်ဖို့ အတွက်ပုံလေးပါ။
ဒီ ပုံလေးကတော့ ကလေးလေးကို အရက်နဲ့ သန့်စင်အောင် ဆေးနေတဲ့ ပုံလေးပါ။
ဒီ ပုံလေးဆို အနီးကပ်မြင်ရတဲ့ အတွက် သူငယ်ချင်းတွေ ရင်ထဲမှာ ဘယ်လို ခံစားရမလဲဗျာ။အပြစ်မရှိဘဲ ဖြူစင်တဲ့ ကလေးလေးတွေကို သူတို့ ဘာလို့ အဲ့လောက်လုပ်တယ်ဆိုတာ ကျွန်တော်ဖြင့်နားမလည်နိုင်ဘူးဗျာ။ကြင်နာတက်တဲ့ အသည်းနှလုံးမရှိလိုက်တဲ့ သူတွေဗျာ။
အပြစ်မရှိဘဲ ဖြူစင်ပြီး နူးညံ့လှတဲ့ ကလေးလေး တွေကို ကျွန်တော်တို့အနေနဲ့ ကြင်နာကြပါ သနားညှာတာကြပါ။လူသားချင်း စာနာကြပါလို့ ကျွန်တော်က ပြောပါရစေဗျာ။
From - The Seoul Times

Thursday, 8 December 2011

အမေစု အကြောင်းရိုက်ထားသော ရုပ်ရှင် အပိုင်း။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရိုက်ကူးထားတဲ့ The Lady ဇာတ်ကားကို စက်တင်ဘာလ ၁၂ ရက်နေ့ ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် Toronto International Film Festival မှာ စတင်ပြသမှာ ဖြစ်ပါတယ်။ကမ္ဘာကျော်အဆိုတော် ဘိုနိုလည်း The Lady ရုပ်ရှင်ဇာတ်ကား ဖွင့်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အလားတူ The Lady ဇာတ်ကားဒါရိုက်တာ ပြင်သစ်လူမျိုး Luc Basson ၊ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်မင်းသမီး မလေးရှားလူမျိုး Michelle Yeoh နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ ဗြိတိသျှ ရုပ်ရှင်မင်းသား David Thewlis တို့လည်းတက်ရောက်ကြမှာ ဖြစ်ပါတယ်။ တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဟာ ပြင်သစ်နိုင်ငံက 'ကိန်း' ရုပ်ရှင်ပွဲတော်ပြီးရင် ဒုတိယ အကြီးဆုံးပွဲတော်ဖြစ်ပါတယ်။ အဲဒီပွဲမှာ The Lady ဇာတ်ကားကိုသုံးရက်ကြာ ပြသမှာ ဖြစ်ပါတယ်။ Information in my sites such as video and other form of digital content can be freely used by anyone for non profit purpose giving credit to the source. Not selling my video or trying to make money. Click here;http://tinyurl.com/6en8vno The Lady (2011) Part 1 / 15 HD Full Free Movie watch on Wideoweed

CHAMMMMMMM

Cahampion
highlights (2-0) Manchester City Vs Bayern Munich, Etihad, Champions League 2011

Champion League highlight

FC Basel Vs Manchester United (2-1), Champions League 2011 - highlights

Wednesday, 7 December 2011

My little loom to weave thoughts and emotions.... 05 December 2011 The Lady ... (Credit: Google image) မနေ့ညက အဲဒီရုပ်ရှင် သွားကြည့်ဖြစ်ပါတယ်၊ လူများ,မများ မသိနိုင်တာနဲ့ ရုပ်ရှင်မစမီ နာရီဝက် ကျော်ကျော်လောက် ကတည်းက ကြိုရောက်နေ ဖြစ်တယ်၊ လက်မှတ်ဝယ်ဖို့ တန်းစီရင်း ခုံနေရာ ဘယ်လောက် ကျန်သေးသလဲ ပြတဲ့ မော်နီတာကို ကြည့်လိုက်တော့ ၈၀ ရာခိုင်နှုန်း လောက်ကို ကျန်နေသေးတာ တွေ့ရတယ်၊ ဒါနဲ့ အေးအေးဆေးဆေးပဲ ဖြစ်သွားတယ်..၊ ပြမယ့် ခန်းမထဲကို ဝင်လို့ရပြီ ဆိုတာနဲ့ ကျနော်တို့ ဝင်ထိုင်နေလိုက်ပြီး နည်းနည်းစီ ဝင်လာနေတဲ့ လူတွေကို ငေးကြည့်နေ မိတယ်၊ ကျနော့်စိတ်ထဲမှာ ဒီလိုဇတ်ကားမျိုးကို လာကြည့်သူတွေဟာ ဘယ်လိုလူမျိုး တွေများ ဖြစ်နိုင်မလဲလို့ အရမ်း သိချင်နေမိတယ်၊ မြန်မာပြည်ကို ရောက်ဖူးသူတွေလား၊ ဒါမှမဟုတ် မကြာခင်မှာ သွားမယ့်သူတွေလား၊ ဒါမှမဟုတ် ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားလို့ ဒုက္ခနွံထဲက မတက်နိုင်သေးတဲ့ နိုင်ငံလေးနဲ့ အဲဒီအထဲက အမျိုးသမီး တစ်ယောက် အကြောင်း ပိုပြီး သိချင်သူတွေ များလား၊ ဒါမှမဟုတ် Luc Besson ဘာပဲရိုက်ရိုက် ကြည့်လိုက်မယ် ဆိုသူတွေလား...၊ ကျနော့်စိတ်ထဲ တွေးနေမိတာကို ဘေးက မအိမ်သူကို ပြောတော့ အင်မတန် လက်တွေ့ကျတဲ့ အကြံဥာဏ်ကို ပေးတယ်၊ 'သိချင်ရင် လိုက်မေးကြည့် ပါလား' တဲ့..၊ ဝင်လာသူတွေ ကတော့ ကျနော် မျှော်လင့်ထားသလို သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ များတယ်၊ မြန်မာ တစ်ယောက်တလေများ ကံကောင်းစွာနဲ့ ပါလာမလားလို့ တစ်ယောက်မှ အလွတ်မပေးဘဲ ထိုင်ကြည့်နေသေးတယ်၊ အာရှသူလို့ ယူဆရတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတာက လွဲရင် ကျန်တဲ့ ပရိတ်သတ်တွေက အနောက်တိုင်းသား တွေချည်းပါပဲ၊ ဒီလို ရုပ်ရှင်မျိုးကို ကြည့်ပြီး ပြန်အထွက်မှာ တခြားမြန်မာ လူမျိုးတွေရဲ့ အမြင်ကို ကြားချင်၊ သိချင်မိတယ်၊ အဲဒီလိုနဲ့ ခန်းမထဲမှာ မီးတွေ မှောင်သွားခဲ့တယ်....၊ ဗိုလ်ချုပ်က သူ့သမီးလေးကို အစဉ်အလာ ကြီးခဲ့တဲ့ မြန်မာ့သမိုင်းကို ပြောပြနေတဲ့ အခန်းနဲ့ ဇတ်လမ်း စ,ပါတယ်၊ အဲဒီ အခန်းမှာ ပုဂံရဲ့ အရုဏ် တက် မြင်ကွင်းတွေကို ကြိုကြားကြိုကြား ညှပ်ပြီး ပြသွားတယ်၊ ပုဂံဟာ မြင်ကွင်းကျယ် ပိတ်ကားပေါ်မှာ ကြည့်ရတာ ပိုပြီး ကျက်သရေ ရှိနေသလိုပဲ၊ အဲဒီနောက်တော့ အတွင်းဝန်ရုံး လုပ်ကြံ သတ်ဖြတ်မှု၊ သိပ်မကြာခင်မှာပဲ ဒေါ်ခင်ကြည် နေမကောင်းလို့ မြန်မာပြည် ပြန်လာရတဲ့ အမေစု အခန်းတွေကို ပြပါတယ်၊ ပြီးတော့ ၈၈ အရေးတော်ပုံ၊ NLD ဖွဲ့စည်းမှု၊ ရွှေတိဂုံ ညီလာခံ.. စတာတွေ ဆက်လာပါတယ်၊ ဒီအခန်းတွေကို ပြတဲ့အခါ အများသိတဲ့ အတိုင်း ယိုးဒယားနယ်စပ်မှာ တူနိုင်သလောက် အတူဆုံး ဆက်တင်လုပ်ပြီး ရိုက်ထားတဲ့ အခန်းတွေနဲ့ ရန်ကုန်မြို့က တကယ့်နေရာတွေကို ရောမွှေပြီး ပြသွားတယ်၊ ဒီဇတ်ကား ရိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ဘာမှ မစသေးခင် ဒါရိုက်တာ Luc Besson နဲ့ အဖော် ၂ ယောက်က မြန်မာပြည်ကို လာပြီး ရှုခင်း၊ မြင်ကွင်းတွေကို ကင်မရာ အသေးလေးနဲ့ ၁၇ နာရီစာ ရိုက်သွားခဲ့တယ်လို့ ဆိုပါတယ်၊ အခု အဲဒီရှုခင်းတွေကို ဒီလို နေရာတွေမှာ ပြန်သုံးထားတာ ဖြစ်ပါတယ်၊ အမေစုရဲ့ အမှတ် ၅၄ အိမ်ကိုတော့ ယိုးဒယား နယ်စပ်မှာ တပုံစံတည်း ပြန်ဆောက်ပြီး ရိုက်ပါတယ်၊ ဇတ်လမ်းက အမေစုအဖြစ် သရုပ်ဆောင်တဲ့ မီရှဲလ်ယိုး (Michelle Yeoh) နယ်တွေကို စည်းရုံးရေး ခရီးထွက်တာ၊ နောက်တော့ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံရတာတွေ ဆက်ပြတယ်၊ မီရှဲလ်ယိုးက ဇတ်ဝင်ခန်းတွေမှာ မြန်မာစကားကို သွက်သွက်လက်လက် ပြောနိုင်အောင် ကျင့်ထားတာ တွေ့ရပေမယ့် လေသံကတော့ အတော်လေး ဝဲတယ်၊ ဒီနေရာမှာ သူ့အသံနဲ့ ခပ်ဆင်ဆင်တူ နိုင်မယ့် မြန်မာ အမျိုးသမီး တစ်ယောက်ကို စကားပြောခိုင်းပြီး နောက်ခံအသံ ထပ်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကျနော်ကတော့ သူကိုယ်တိုင် ပြောတာကိုပဲ ပိုသဘောကျတယ်၊ ဒါဟာ သူ့ရဲ့ အားထုတ်မှု မဟုတ်လား၊ အစ တစ်ကြောင်း၊ နှစ်ကြောင်းလောက်မှာ နားထဲ တမျိုးဖြစ်ပေမယ့် နောက်တော့လည်း အသားကျ သွားပါတယ်၊ မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ ဇတ်ဝင်ခန်းတွေကိုလည်း အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားထားတာ တွေ့ရတယ်၊ ဒါပေမယ့် တချို့ဗိုလ်ချုပ်တွေက မျက်နှာကြည့်လိုက် တာနဲ့ ထိုင်းလူမျိုးမှန်း သိသာသလို တချို့ကလည်း မြန်မာစကား ပြောတဲ့လေသံ အရမ်း ဝဲလွန်းတာ သတိထား မိတယ်၊ စစ်ဗိုလ်၊ စစ်သားနဲ့ ပတ်သက်တာတွေ ပြရင် အများအားဖြင့် ရက်စက်၊ ကြမ်းတမ်းမှု၊ ကောက်ကျစ်မှုကို ပြနိုင်ဖို့ ကြိုးစားတာ တွေ့ရတယ်၊ ဒီအတိုင်း ဟုတ်လိုက်လေဗျာ-လို့ ဆိုရမယ့် အခန်းတွေ ရှိသလို ဇတ်နာအောင် သာသာထိုးထိုးလေး လုပ်ထားတာတွေလည်း ပါတယ်လို့ ပြောရမှာ ပါပဲ၊ ဒါဟာ ခံစားမှုကို ဦးစားပေးတဲ့ ရုပ်ရှင် မဟုတ်လား...၊ ဇတ်လမ်းရဲ့ အရေးပါတဲ့ အခန်းတစ်ခု ဖြစ်သလို ကျနော်လည်း အကြိုက်ဆုံး ဇတ်ဝင်ခန်းကတော့ အမေစုကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးတဲ့အခန်းပါပဲ၊ အော်စလိုမြို့က ဆုပေးပွဲ ခန်းမ၊ အခမ်းအနား အပြင်အဆင်မှ စပြီးတော့ နောက်ဆုံး ဆုလက်ခံ ယူတဲ့ မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါးနဲ့ ကင်မ်တို့ ရပ်နေတဲ့ ပုံစံ အနေအထား အသေးစိတ်ကအစ ဂရုစိုက်ထားတာ သတိထား မိတယ်၊ တဖက်ကလည်း ရန်ကုန်က အိမ်ကြီးထဲမှာ အမေစု တဖြစ်လဲ မီရှဲလ်ယိုးက ရေဒီယို အဟောင်းကြီး တစ်လုံးကို နားထောင်နေတယ်၊ သူ့ကိုယ်စား မိသားစုကို ဆုလက်ခံယူဖို့ ဖိတ်ခေါ်လိုက် ချိန်မှာပဲ မီးပြတ်သွားတယ်၊ သူနဲ့အတူ ရေဒီယို နားထောင်နေတဲ့ အဖော် အမျိုးသမီးက ရေဒီယိုအသေးလေး ပြေးယူတယ်၊ အဲဒီအချိန် အခမ်းအနားကို လွတ်သွားမှာစိုးလို့ အမေစုက စိတ်လှုပ်ရှား နေတယ်၊ ရေဒီယို ရောက်လာတော့ အထဲမှာ ဓါတ်ခဲ မရှိပြန်ဘူး၊ အဲဒါနဲ့ လက်နှိပ်ဓါတ်မီးထဲက ဓါတ်ခဲတောင့်တွေထုတ်၊ ရေဒီယိုထဲ အမြန်ထည့်ပြီး ဖွင့်နားထောင် လိုက်တော့ သားကြီး အလက်ဇန်းဒါးက ကျေးဇူးတင်စကား ပြောနေခဲ့ပြီ၊ အမေစုကတော့ သားရဲ့အသံကို မျက်ဝန်းတွေ တလက်လက်နဲ့ နားထောင် နေတယ်၊ ကျေးဇူးတင်စကား ပြောအပြီးမှာ ဂုဏ်ပြုအော်ခက်စထရာက တေးသွားတစ်ပိုဒ်ကို တီးမှုတ်လိုက်တယ်၊ ကျနော် အရမ်းကြိုက်တဲ့ Pachelbel Canon တူရိယာသက်သက် တေးသွား..၊ စန္ဒရားနဲ့ ချယ်လိုကို အားပြုထားတဲ့ တေးသွား...၊ အဲဒါကို ရေဒီယိုကနေ ကြားရတဲ့အခါ အမေစုက တဖက်ကနေ စန္ဒရားကို အသာအယာ လိုက်တီးပါတယ်..၊ မိသားစုနဲ့ ဝေးပြီး တစ်ဦးတည်း ပိတ်လှောင်ခံထားရတဲ့ အိမ်ကြီးထဲမှာ စိတ်ဓါတ်မာကျော ပါတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ကတော့ ညအမှောင်ထဲ စန္ဒရားခလုတ်တွေကို အသာအယာ တို့ထိလို့...၊ အဲဒီမြင်ကွင်းကို အလင်းအမှောင် နိုင်နိုင်၊ နောက်ခံဂီတ အားကောင်းကောင်းနဲ့ ပံ့ပိုးလိုက်တဲ့အခါ အမျိုးစုံတဲ့ ခံစားမှုတွေက ရင်ဘတ်ထဲမှာ ပြည့်ကျပ် လာတော့တယ်၊ ကျနော် ပြန်ပြောချင်တဲ့ နောက်တစ်ခန်းကတော့ ကင်ဆာရောဂါနဲ့ သိပ်မနေရတော့မယ့် အကြောင်း ရေးထားတဲ့ မိုက်ကယ်လ်အဲရစ်စ်ဆီက စာကို ဖတ်အပြီးမှာ ဗြိတိသျှ သံရုံးကတဆင့် အမေစုက ဖုန်းဆက်တဲ့ အခန်းပါ၊ အသံလှိုင်းတွေ သိပ်မကြည်တဲ့ ဖုန်းကို မျက်ဝန်းမှာ မျက်ရည်တွေ ဝဲပြီး ပြောတဲ့အခန်း...၊ 'ကျမ ပြန်လာဖို့များ လိုနေမလားဟင်' ဆိုတဲ့ စကားလေးကို ပြောချလိုက်တဲ့ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ အရိပ်တွေ အများကြီး ဖြတ်ပြေးသွားတယ်၊ မိသားစု၊ သေကောင်ပေါင်းလဲ ခင်ပွန်း၊ နောက်ဆုံးကြားခြင်း ဖြစ်ကောင်းဖြစ်မယ့် အသံ၊ အချုပ်အနှောင်၊ သောက၊ ပြည်သူလူထု၊ ဒုက္ခဆင်းရဲ... အဲဒါတွေ အကုန်လုံးကို အဲဒီ စက္ကန့်ပိုင်းလေးမှာ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ တွေ့လိုက်ရတယ်၊ ရင်နင့်ရတဲ့ အခန်းပါပဲ၊ တိတ်ဆိတ်နေတဲ့ ရုံထဲမှာ ကျနော့်ဘေးက မအိမ်သူလိုပဲ တိတ်တဆိတ် ရှိုက်သံတွေ ကြားနေရတယ်..၊ သရုပ်ဆောင်တွေ အဖြစ် မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါး၊ ကင်မ် တို့ရဲ့ ရုပ်သွင်၊ အမူအရာတွေ အတော်လေး တူပေမယ့် အမေစုရဲ့ ကာရိုက်တာကို ခံစားယူရတာတော့ လွယ်မယ့်အလုပ်လို့ ကျနော် မထင်ပါဘူး၊ ဒါပေမယ့် အရပ်အမောင်း၊ မျက်နှာသွင်ပြင်ခြင်း ဆင်သလို ရှိတဲ့ အာရှ သူ မင်းသမီး မီရှဲလ်ယိုးက အတော်လေးကောင်းအောင် သရုပ်ဆောင်သွား နိုင်တာ တွေ့ရပါတယ်၊ အထူးသဖြင့် တချို့အခန်းတွေမှာ အမေစုရဲ့ အကြည့်ကို 'ဖမ်း' နိုင်တာ သတိထား မိတယ်၊ ဇတ်လမ်းထဲမှာ မျက်ရည်ဝဲတာ..၊ မျက်ရည်ကျတာတွေ ပါ,ပါတယ်၊ အမေစုကော.. အပြင်မှာ ဒီလိုမျိုး ရှိဖူးလား? ကရုဏာတရား ကြီးမားလှတဲ့ အဲဒီမျက်ဝန်းတွေ ထဲမှာ မျက်ရည်တွေ ရစ်ဝဲနေတာ မြင်တွေ့ဖူးသူ မရှိသလောက် နည်းပါးလိမ့်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဒီတိုင်းပြည်ကို ချစ်လွန်းတဲ့ ဒီအမျိုးသမီးကြီး ဟာလည်း သူ့ရဲ့ ကိုယ်ပိုင် မိသားစု အတွက် ငိုကြွေးရချိန်တွေ ရှိလိမ့်မှာ အသေအချာပါ၊ အနည်းဆုံး ရင်ထဲက နက်ရှိုင်းတဲ့ တစ်နေရာမှာ ဖြစ်ဖြစ်ပေါ့၊ ဘာပဲဖြစ်ဖြစ် အခုကတော့ ခံစားမှုကို နှိုးဆွရမယ့် ရုပ်ရှင်ဖြစ်လို့ ဒီလိုမျိုး သာသာထိုးထိုး ရှိနိုင်တာ သဘာဝပါပဲ၊ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြင်သစ်ဒါရိုက်တာ Luc Besson ကို အင်တာဗျူးတွေမှာ မေးကြတယ်၊ 'ခင်ဗျားရဲ့ ရုပ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည်သာ ကြည့်ခွင့်ရရင် ဘာပြောမယ်လို့ ထင်သလဲ'..တဲ့၊ သူက ဖြေတယ်၊ 'ဖြစ်နိုင်တာ နှစ်ခုပါပဲ၊ ဒေါ်စုက ဟက်ဟက်ပက်ပက် ရယ်မောပြီး ဖြစ်ရလေ Luc ရယ်..၊ မင်းမို့ ကြံကြံဖန်ဖန် ဒီလိုမျိုး စိတ်ကူးယဉ်တွေ စဉ်းစားတတ် ပလေတယ်-လို့ ပြောရင်ပြော..၊ ဒါမှမဟုတ် သူ့မိသားစုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အောက်မေ့ သတိရစိတ်နဲ့ တိတ်ဆိတ်ချင်လည်း တိတ်ဆိတ် နေလိမ့်မယ်' တဲ့၊ တကယ်တမ်းမှာလည်း Luc Besson က ကံကောင်းစွာနဲ့ အမေစုကို လာတွေ့ခွင့် ရခဲ့ပါတယ်၊ အဲဒီမှာ သူက မေးလိုက်တယ်၊ 'အဆင်ပြေမယ်ဆိုရင် ဒေါ်စု ဒီဇတ်ကားကို ကြည့်ချင်သလား' ဆိုတော့ အမေစုက 'ကျမအတွက် အားရှိတဲ့ တစ်နေ့ကျရင် ကြည့်ဖြစ်မှာပါ'လို့ ပြန်ပြောတယ်လို့ ဆိုပါတယ်၊ အနှုတ်လက္ခဏာ တစ်ခုကို ပြောပါ ဆိုရင်တော့ ဇတ်ကား အဆုံးသတ်ဟာ ကျနော့် အတွက်တော့ မချင့်မရဲ ဖြစ်ရပါတယ်၊ ဒီဇတ်လမ်းကို ရိုက်နေတဲ့ အချိန်မှာ ဇတ်သိမ်းဟာ happy ending မဟုတ်သလို tragic ending လို့လည်း မဆိုနိုင်တဲ့ အချိန်ပါ၊ (အခုထိလည်း ဒီနှစ်ခုထဲက တစ်ခုမှ မဟုတ်သေးပါဘူး)၊ ဆိုတော့ ရုပ်ရှင်ဇတ်သိမ်းဟာ အထိုက်အလျောက် ခက်မှာ သေချာပါတယ်၊ ဒါပေမယ့် အခုလိုမျိုး ဇတ်သိမ်းပုံထက် ပိုပြီး အနုပညာ ဆန်မယ့် လုပ်ကွက်တွေ ရှိမယ်လို့ ကျနော်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာမှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါပဲ၊ မကောင်းဘူးလို့ ပြောရတာ လွယ်လွယ်လေးပါ၊ ရုပ်ရှင်တစ်ခုလုံးကို ခြုံကြည့်ရင်လည်း ဟာကွက်တွေ အများကြီးပါ၊ အထူးသဖြင့် အမေစုရဲ့ နိုင်ငံရေး လှုပ်ရှားမှု အသားပေး အခန်းတွေမှာပေါ့၊ ဒါပေမယ့် ရသလောက် သတင်းအချက်အလက် တွေနဲ့ပဲ သူများနိုင်ငံမှာ သိုသိုသိပ်သိပ်နဲ့ ဒီလိုမျိုး ရိုက်ခဲ့ရတာ ကျနော်တို့ မေ့ထားလို့ မဖြစ်ပါဘူး၊ ပြီးတော့ ဒီရုပ်ရှင်ဟာ မြန်မာ့နိုင်ငံရေးကို ရိုက်ကူးတဲ့ သတင်းမှတ်တမ်းကားလည်း မဟုတ်ပါဘူး၊ အဲဒီ နိုင်ငံရေးထဲမှာ တန်ဖိုးကြီးမား လှတဲ့ ပေးဆပ်၊ စွန့်လွှတ်မှုတွေနဲ့ နေထိုင်နေတဲ့၊ လူတွေက ချစ်စနိုးနဲ့ 'The Lady' လို့ နာမ်စားသုံး ခေါ်ဝေါ်ကြတဲ့ လွတ်လပ်ခြင်းရဲ့ နှင်းဆီတစ်ပွင့် အကြောင်းပါ၊ ကျနော့်အတွက်တော့ ရင်ကိုလာမှန် ခဲ့ပါတယ်...။ ။ ညီလင်းသစ် ၅ ဒီဇင်ဘာ၊ ၂၀၁၁

06.12.2011 Champion League Groups